အပိုင်း[၁၂]

2.2K 364 44
                                    

- UNICODE -

[အပိုင်း ၁၂]

ဟူရှိဖေး လည်‌ပင်းအကြောဆန့်ပြီး လှည်းဝေါယာဉ်၏ပြတင်းအပြင်ဘက်ကိုကြည့်မိလိုက်သည်။ အန်းချန်ချင်းဟာ တခြားသောလှည်းဝေါယာဉ်ထဲသို့ဝင်သွားကာ ရှောင်းကျီကောကမူ ၎င်းနံဘေးတွင် သူ၏မြင်းကိုစီးနင်းနေသည်ကို မြင်လိုက်ရသည်။ နှစ်‌ဦးသားသည် ပြတင်းကိုဖြတ်၍ တစ်ဦးကိုတစ်ဦးတီးတိုးဆိုနေကြ၏။ သူသည် မထိန်းနိုင်စွာ လျှာကျစ်စုတ်ကာ ပွစိပွစိရေရွတ်တော့သည်။

“တကယ်လို့ ငါကိုယ်တိုင်ကသာ သမားတော်မဟုတ်ခဲ့ရင် တစ်ယောက်ယောက်က ဝမ်ရယ်ကို ကူအဆိပ်နဲ့ပြုစားထားပြီထင်မိမှာ”

လှည်းဝေါယာဥ်မောင်းနှင်သူအဖြစ် တာဝန်ယူဆောင်ရွက်နေသော ထျီန်းဟူတစ်ယောက် သူ၏စကားများကိုသဲ့သဲ့ကြားသော် အံ့အားသင့်သံပြုလေသည်။

“စစ်သူကြီးကို ဘယ်သူထိရဲတာလဲ။ ဟူကြီးက အဲလူကိုသတ်မယ်ကွ!”

“...”

ဟူရှိဖေးဟာ လှောင်ထေ့တော့သည်။

“တကယ်လို့ အဲလူကဝမ်ဖေးဆိုရင်ကော မင်းစမ်းကြည့်တာကို ငါတကယ်မြင်ချင်စမ်းတယ်ကွာ”

ထျီန်းဟူဆွံ့အသွား၏။ သူသည် ခေါင်းကုတ်၍ ဆိုပေသည်။

“ဝမ်ဖေးက အောက်လမ်းအတတ်ကျင့်တဲ့သူနဲ့ မတူပါဘူးဗျာ...”

“အဲလောက်တော့ မတုံးသေးတဲ့ပုံပဲ”

ဟူရှိဖေး မျက်စိလှိမ့်သည်၊ ထို့နောက် လှည်းဝေါယာဉ်နံရံကိုထုကာ ဆော်ဩတော့သည်။

“မြန်မြန်ရွေ့‌လေ!”

လှည်းဝေါယာဉ်နှစ်စီးသည် ဝမ်အိမ်တော်ဆီသို့ သွားနေသည်။ အိမ်တော်သို့ရောက်သော် ထျီန်းဟူသည် ဟူရှိဖေးကို သူ၏ဘီးတပ်ကုလားထိုင်ပေါ်‌နေရာမချပေးမီ ၎င်းဘီးတပ်ကုလားထိုင်ကို မြေပြင်ပေါ်အရင်ချလိုက်သည်။ ထို့နောက် သူသည် နှစ်ခုစလုံးကိုသယ်ကာ တံခါးပေါက်ဆီသို့လျှောက်လှမ်းပေသည်။

ဟူရှိဖေးအမျက်ထောင်းခနဲထထွက်ရကာ ကုလားထိုင်လက်ရန်းကို ဒေါသတကြီးရိုက်ပုတ်တော့သည်။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now