အပိုင်း[၈]

2.2K 416 16
                                    

- UNICODE -

[အပိုင်း ၈]

မြောက်ပိုင်းစစ်သခင်၏ဂုဏ်သတင်းကို ယဲ့ကျင်း၌နေထိုင်ကြသူများအကုန်အစင်၊ အတိအကျဆိုရလျှင် တာ့ယဲ့အင်ပါယာတစ်ခုလုံးအနှံ့နေထိုင်သူများအားလုံးသိကြပေသည်။ သဘာဝကျကျပင် လေဒီယွီသည်လည်း အနှီသူ၏နာမည်ဆိုးဖြင့်ကျော်ကြားသောဒေါသစိတ်အကြောင်းကို ကြားဖူးပြီးလောက်ပြီဖြစ်သည်။

မြောက်ပိုင်းစစ်သခင်ကြီးဟာ ထူးကဲပြောင်မြောက်သောအောင်မြင်မှုများကို ဆွတ်ခူးနိုင်ခဲ့သော်ငြား မည်သည့်ချစ်မေတ္တာကိုမျှမရရှိခဲ့ချေ။ အနှီသူမွေးဖွားသန့်စင်သောနေ့တွင် ဆိုးဝါးလှသောဘေးအန္တရာယ်ကပ်ကြီး၏နိမိတ်များကို ကောင်းကင်တစ်ခွင်ပြသလာခြင်းသည် ဧကရာဇ်အား အနှီသူ၏သေဆုံးမှုကိုလိုလားစေခဲ့သည်ဟု ဆိုကြ၏။ အနှီသူ၏အသက်အတွက် သူ(မ)၏အသက်နှင့်အလဲအလှယ်လုပ်ကာ တောင်းပန်တိုးလျှိုးခဲ့သော အမေဖြစ်သူကိုယ်လုပ်တော်လိ၏ကျေးဇူးကြောင့် ဧကရာဇ်သည် ရှောင်းကျီကောကိုအသက်ချမ်းသာပေးခဲ့သော်ငြား ထိုမှစ၍ အမေနှင့်သားတို့သည် စွန့်ပယ်ခံလိုက်ရလေသည်။ ဧကရာဇ်၏မျက်နှာသာပေးချစ်ခင်မှုကိုဆုံးရှုံးကာ သူတို့သည် ခက်ခဲသောဘဝကိုဖြတ်သန်းခဲ့ကြရပြီး နှစ်ပေါင်းများစွာကြာသောအခါ ကိုယ်လုပ်တော်လိသည် ဒုက္ခဆင်းရဲများကြောင့် မိမိကိုယ်ကိုသတ်သေသွားခဲ့သည်။

အမေဖြစ်သူသေဆုံးပြီးနောက် ရှောင်းကျီကော၏အခြေ‌အနေမှာ ပိုကာဆိုးရွားလာပေသည်။ အခြားကိုယ်လုပ်တော်များသည် အနှီသူကိုထိန်းကျောင်းပျိုးထောင်ပေးရန် ဆန္ဒမရှိကြ၍ နောက်ဆုံးမူ အနှီသူဟာ ဧကရီ၏စောင့်ရှောက်မှုအောက်တွင် ကျန်ခဲ့လေတော့သည်။ သို့ပေသိ အနှီသူ၏ကြမ္မာကမူ ခါးသက်ဖို့ရည်ရွယ်ထားသည့်နှယ် ဧကရီနှင့်မင်းသားတို့နှင့် အနှီသူကားမသင့်မြတ်နိုင်ခဲ့။ ထိုအချိန်သည် အနှီသူဟာနန်းပလ္လင်အတွက်အရည်အချင်းမပြည့်ဟု ကောလဟာလများစတင်ခဲ့ချိန်လည်းဖြစ်တော့သည်။

ကောလဟာလများသည် ဤသို့လည်းဆိုသေး၏။ သူ့အားချောင်ထိုးထားသည်ကိုသိ၍ မြောက်ပိုင်းစစ်သခင်သည် ထိန်းမနိုင်သိမ်းမရအဖြစ်သို့ပြောင်းလဲသွားပြီး ထိုမှစ၍ သူ၏‌အစေခံများကို သဘောရှိသတ်ဖြတ်တော့သည်ဟု။ ယန့်ကျိုးတွင် သူ့လက်တွင်းသေဆုံးသွားရသောလူတို့၏ရုပ်အလောင်းများသည် အနှီသူ၏အိမ်တော်နံရံများအမြင့်မျှ စုပုံလာပြီဟု။ မီးအိမ်များသည်ပင်လျှင် လူ့သားရေဖြင့်ပြုလုပ်ထားသည်ဟု...။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now