အပိုင်း[၅]

2.7K 409 22
                                    

- UNICODE -

[အပိုင်း ၅]

အန်းချန်ချင်း၏ဒဏ်ရာလေးကို ဆေးထည့်၊ပတ်တီးစည်းပေးပြီးနောက် စာကြည့်ဆောင်ကိုသန့်ရှင်းရေးလုပ်ထားကြရန် ရှောင်းကျီကောမိန့်တော့သည်။ အန်းချန်ချင်း ပြတင်းမှသွန်ထုတ်ပစ်လိုက်သောခေါက်ဆွဲပန်းကန်လေးသည်တော့ ကျန်ရစ်နေသေး၏။

ရောက်လာသောအစေခံမှာ ဆူညံပူညံသံများကို ကြားနေရသည်မှာကြာလှချေပြီဖြစ်သည်။ သူသည် မော့မကြည့်ဝံ့သကဲ့သို့ အသက်ပင်ကျယ်ကျယ် မရှူဝံ့ဝောာ့ပြီ။ မွ‌ကြေကွဲပြန့်နေသောခေါက်ဆွဲပန်းကန်ကိုမြင်သည့်အခါ အန်းချန်ချင်းအတွက် ငိုချင်းညည်းပေးဖို့ရန်သာတတ်နိုင်လေ၏။ ကြင်စဦးအဖြစ် ဒုတိယနေ့သာရှိသေးသည်၊ ဝမ်ရယ်ကိုဒေါသထွက်အောင်လုပ်ပြီးပြီ။ သူလေး၏နေ့ရက်များ ပိုကာဆိုးလာမည့်သဘောသာရှိတော့သည်။

ပင်မခန်းဆောင်သို့ဦးဆောင်လမ်းပြခေါ်သွားနေသည့် သူ၏ဝမ်ဖေးအတွက် အနက်ရောင်အိုးလေးတစ်အိုးကို ရှောင်းကျီကော မသိလိုက်မသိဘာသာယူလာမိလေသည်။

ပင်မခန်းဆောင်သည် မင်္ဂလာဦးညမှကဲ့သို့ပင် မပြောင်းမလဲရှိနေဆဲဖြစ်သည်။ အနီရောင်ဖယောင်းတိုင်များ စားပွဲပေါ်ဝယ်တည်နေသေးကာ ရွှေစပါးအုံးအဆင် အနီရောင်အိပ်ရာခင်းသည်လည်း သလွန်ပေါ်ဝယ်ဖြန့်ခင်းထားလျက်။ ပြတင်းတွင်‘ပျော်ရွှင်မှုများ ဆထက်တိုးပါစေ’ဟူသောစာလုံးကပ်ထားပြီး မင်္ဂလာပွဲကားမပြီးသေးပေ ဟူသောခံစားချက်ကို ရှုထောင့်တိုင်း‌ဟာ ပေးစွမ်းလျက်ရှိသည်။

လေထုထဲတွင် သင်းဖျော့ဖျော့မွှေးရနံ့တစ်ခုရှိကာ အခန်းတွင်းရှိအပူပေးခြင်းသည် တောက်ကျွမ်းနေဆဲဖြစ်သည်။

အန်းချန်ချင်း၏နောက်ကျောပြင်လေးဆီ အကြည့်များမသိဘာသာကော်ကပ်ပါမိစဉ် ရှောင်းကျီကော၏မျက်ဝန်းများနက်မှောင်သွားရတော့သည်။ အန်းချန်ချင်းသည် အခန်းထဲရောက်သောအခါ သူလေး၏လေးလေးလံလံဝတ်ရုံကြီးကိုချွတ်ချပစ်ရာ ယခုမူ ခါးတွင်ငွေခါးပန်းကြိုးရှိအပြာနုရောင်ဝတ်ရုံတစ်ထည်ကိုသာဝတ်ထားပေ၏။ ပန်းကြိုးထုံး၊ရွှေပန်းဖွားတို့နှင့်တွဲချည်ထားသော ငါးနှစ်မြွှာကျောက်စိမ်းပြားလေးကို ခါးထက်ဝယ်ချိတ်ဆွဲထားသေး၏။ သူလေးလမ်းလျှောက်စဉ်ထွက်ပေါ်လာသောဂလောင်ဂချွမ်သံလေးဟာ ရှောင်းကျီကော၏နားစည်မှသည်နှလုံးသားဆီသို့ ယားကျိကျိဖြစ်စေ၏။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Donde viven las historias. Descúbrelo ahora