ဂျိုဆွန်းနိုင်ငံ ၁၉ ရာစု။
မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ချစ်ရသူရဲ့နေအိမ်ဆောင်ကိုကြည့်ပီးtaehyung သွေးပျက်စွာရပ်နေမိသည်။သူ့ဘ၀ရဲ့အရေးပါဆုံးလူကအခုဒီမီးထဲမှာ။
ဒီလောက်သူ့ကိုမထိပါနဲ့လို့အတန်တန်ပြောထားပါလျက်နဲ့။ဘာအန္တာရာယ်မှမပေးပါနဲ့လို့ပြောထားတာကို
အခုတော့ အခုတော့"တောက်စ်"
Taehyungရဲ့တောက်ခေါက်သံသည်တိတ်ဆိတ်နေသောပတ်ဝန်းကျင်၌ကျယ်လောင်စွာပေါ်ထွက်လာသည်။ရင်ထဲမှာစို့နင့်နေတဲ့ခံစားချက်ကြောင့်အရုပ်ကြိုးပြတ်မြေပြင်ပေါ်ဖင်ထိုင်လျက်လဲကျသွားသည်။
တစ်ချိန်ကချစ်ရသူရဲ့အသံကိုပါနားထဲပြန်ကြားယောင်လာမိ
သည်။"ကိုယ်ကယောင်းကိုနောင်ဘ၀တွေအထိချစ်နေမှာသိလား"
"ကိုယ်ကယောင်းကိုမြတ်နိုးပြီးတန်ဖိုးထားတာ"
"ယောင်း အရမ်းချစ်တယ်"
Taehyungကမြေပြင်ကိုလက်သီးဆုပ်တွေနဲ့ထုရိုက်နေပီးအော်ဟစ်နေသည်။
"သူ့ကိုမထိပါနဲ့ဆို ဘာလို့လဲ ဘာလို့လဲ"
"Kim taehyung!!!!!!! "
Taehyungထိုအသံကိုကြားလိုက်ရတော့ရှိသမျှဒေါ်သ
တွေထွက်သွားသည်မှာတဆက်ဆက်တုန်နေသည့်သူ့လက်များကသက်သေပင်။"အဲ့တာဘာလုပ်နေတာလဲKim taehyung ငါကိုယ်တော်ရဲ့မိဖုရားကအဲ့လိုနေလို့ရတယ်လို့ဘယ်သူပြောလဲ ထစမ်း အခုချက်ချင်း"
ထိုသူသည်ထိုသို့ပြောပီးသည်နှင့်taehyungလက်ကိုဆွဲကာအတင်းထခိုင်းပေမယ့်ထိုသူရဲ့လက်ကိုခပ်ကြမ်းကြမ်းရိုက်ထုတ်ပစ်လိုက်ပြီးမတ်တပ်ရပ်လိုက်သည်။
"ဘာလို့လဲ ငါသူ့ကိုမထိဖို့ပြောခဲ့တယ်မလား။မင်းကရောကတိပေးထားတယ်မဟုတ်ဘူးလား ဟမ်!!!! ဖြေ ဖြေလေ"
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်