"ဂျောင်ကု လေယာဉ်စီးလာရတာ ပင်ပန်းနေပြီမလား ရေချိုးပြီးအိပ်လိုက်အုံး"
ဂျပန်ကိုရောက်ရောက်ချင်း ၀ယ်ထားတဲ့ တိုက်ခန်း ကိုသွားပေမယ့် လေယာဉ်ကွင်းနဲ့ တိုက်ခန်း နဲ့ကတော်တော်ဝေးဝေး သွားရသည်။ တိုက်ခန်း ကိုရောက်တော့ လေယာဉ်စီးလာရတာရော ကားအကြာကြီးစီးလာရတာရောကြောင့် အရမ်းကိုပင်ပန်းနေသည်။
"ဂျောင်ကု ရေသွားချိုးတော့လို့ ရေနွေးလေးနဲ့စိမ်နေလိုက် ညောင်းတာတွေသက်သာသွားလိမ့်မယ်"
အိပ်ရာပေါ်မှာမှောက်အိပ်နေတဲ့ ဂျောင်ကုက ထယ်ယောင်းစကားကို လက်လေးမြှောက်ပြရင်းတုံ့ပြန်တယ်။
"အဲ့ဒါဆိုဒီနေ့ ဘယ်မှမသွားရတော့ဘူးပေါ့"
ဂျောင်ကုက ငေါက်ကနည်းထထိုင်လိုက်ပြီးဆူပုတ်စွာ ပြောလာသည်။ထယ်ယောင်းက အကျီတွေကို ဗီရိုထဲပြောင်း ထည့်ရင်း
"ဒီလောက်ပင်ပန်းနေတာကို သွားချင်သေးတာလား ဒီမှာအကြာကြီးနေမှာကို ဘာတွေလောနေတာလဲ"
ကိုယ့်အတွက်ကတစ်ရက်ဆိုလည်း အရေးကြီးတယ်ယောင်း
"ဟုတ်ပါပြီ ယောင်းကရောပင်ပန်းနေတယ်မလား ဘာလုပ်နေတာလဲ ပြီးမှကိုယ်လုပ်လိုက်ပါ့မယ် ခုတရေးလောက်အိပ်ကြရအောင်"
"သိပါတယ် ဒါလေးတွေထည့်ရုံပဲ အဲ့ဒါကြောင့်ဂျောင်ကု ကိုရေချိုးဖို့ပြောနေရတာပေါ့ ဂျောင်ကုချိုးပြီးတဲ့အချိန်နဲ့ ယောင်းထည့်လို့ပြီးတဲ့အချိန်နဲ့ ကွက်တိပဲမလား"
ဂျောင်ကုကချက်ချင်းထကာ
"မရဘူး ယောင်းအရင်သွားချိုး ပြီးမှကိုယ်ချိုးမယ် ဒါတွေကိုယ်ထည့်ထားလိုက်မယ် သွား"
ထယ်ယောင်းကိုအတင်းတွေ ဆွဲကာ ရေချိုးခန်းထဲထိုးထည့်လိုက်သည်။ထယ်ယောင်း ရေချိုးခန်းထဲ ရောက်သွားမှ ဂျောင်ကု ဖုန်းကိုထုတ်ကာ တစ်နေရာသို့ဖုန်းဆက်လိုက်သည်။အတော်ကြာ ဖုန်းခေါ်ခဲ့ပြီးတစ်ဖက်မှ အသံထွက်ပေါ်လာသည်။
"ဟယ်လို CEO "
"အင်း သူဘယ်လိုနေလဲ"
"သူဒီနေ့ ဆေးရုံကိုသွားပါသေးတယ် CEO ဖြစ်နိုင်တာကတော့ သူဆေးကုသဖို့ဆုံးဖြတ်ထားတယ် ထင်ပါတယ်"
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်