ပျော်ပွဲရွှင်ပွဲလုပ်နေပုံရတဲ့ လူတစ်စု။ဝတ်ပုံစားပုံ ကိုကြည့်ရတာ နန်းတွင်းကားထဲကလို။အဲ့နေရာနေ ရုတ်တစ်ရက်အဆောင်
တစ်ခုရှေ့ ရောက်သွားပြီးအဲ့ အဆောင်ကနေ အစိမ်းနုရောင် ၀တ်ဆုံနဲ့ ခါးစည်းအဖြူကို လိုက်ဖက်စွာ ၀တ်ထားတဲ့သူကိုငေးကြည့်နေမိသည်။"jungkook ယောင်း လှလား"
အရှေ့ကလူထံမှ စကားကိုကြားလိုက်ရပေမယ့် အာစေးမိတဲ့လူလို ဘာမှပြန်မပြောမိ။
"လှတာပေါ့ ကိုယ့် ယောင်းကအလှဆုံး"
သူ့နောက်ကနေ အသံကြားလိုက်လို့လှည့်ကြည့်လိုက်တော့ ပိုတောင်အံ့သြမိသွားသည်။ အဲ့ဒါငါလား ငါမှငါအစစ်ပါ။jungkook သူ့ရှေ့ကသူနှင့်တူသော လူကိုထိရန်လက်လှုပ်လိုက်သော်လည်း မရွေ့။အခုပုံစံက ဘယ်လိုပြောရမလဲ စိတ်သွားတိုင်းကိုယ်မပါသလိုပင်ဖြစ်နေသည်။
ဒါပေမယ့် အစိမ်းနုရောင်ဝတ်ထားတဲ့ သူကိုရှင်းရှင်းလင်းလင်း
မမြင်ရ။ဝိုးတိုးဝါးတားနှင့်။!ဘာတွေလဲ ဒါဘာတွေလဲ ကျစ်!
ထိုမြင်ကွင်းကနေ ထပ်ပြီးတစ်ခြားမြင်ကွင်းသို့ လွင့်မြောသွား
ပြန်သည်။ဒီတစ်ခါတော့ မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ အိမ်ကိုကြည့်ပြီး လူတစ်ယောက်ကအသည်းအသန်ငိုကြွေးနေ
သည်။"သူ့ကိုမထိပါနဲ့ဆို ဘာလို့လဲ ဘာလို့လဲ! "
ဒီအသံ ဒီအသံကစောနက
"jungkook ယောင်း လှလား"
ဆိုတဲ့လူရဲ့ အသံကိုကောင်းကောင်းမှတ်မိသည်။ရုတ်တစ်ရက် သူ့ရှေ့က ငိုနေတဲ့လူကိုကြည့်ပြီး ရင်ဘတ်တစ်နေရာက အောင့်တက်လာသည်။မခံမရပ်နိုင်ဖြစ်လာအောင် ကို အောင့်
တက်လာသည်။ နောက်ဆုံးမခံနိုင်တော့တဲ့ အဆုံး မြေကြီးပေါ်လဲကျသွားသည်။ မျက်လုံးများမမှိတ်ခင် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းသည် ကိုယ်ကိုယ်တိုင်တောင် နားမလည်။သူပြောလိုက်တဲ့စကားက "ပြန်တွေ့ကြပြန်ပြီနော် ယောင်း"
Jungkook လန့်နိုးလာသည်။သူမက်လိုက်တဲ့အိမ်မက်ကဘာလဲ။ အိမ်မက်ထဲက အစိမ်းနုရောင်နဲ့သူက ဘယ်သူလဲ။
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်