fiend (part 19) final

650 28 0
                                    

လာရာလမ်းအတိုင်းပြန်လာခဲ့ပေမယ့် သူ့ဘေးမှာတော့ အလာတုန်းကလို လူတစ်ဦးမရှိခဲ့တော့ဘူး။သူဒီအခြေအနေ ကိုလက်ခံမှဖြစ်မယ် မဟုတ်ဘူး လက်ခံရမယ်။ ချစ်ရတဲ့လူသားလေးနဲ့ တွေ့ခဲ့တဲ့ အချိန်က ထပ်ပြီးကွာဝေးဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ ဒါပါပဲ ကျန်တာသူဆက်တွေးဖို့ မလိုတော့ပါဘူး။ ကင်မရာကိုလက်တစ်ဖက် ကနေကိုင်ဆွဲပြီး မို့အစ်နေတဲ့ မျက်လုံးများနဲ့ လမ်းလျှောက်လာတဲ့သူ့ကို သေချာပေါက် အထူးအဆန်းလို ကြည့်ကြမှာပေါ့။မဟုတ်ဘူး မကြည့်နဲ့ ငါထူးဆန်းနေတဲ့လူ မဟုတ်ဘူး အသည်းကွဲနေတဲ့လူလည်း မဟုတ်ဘူး ပျော်ရွှင်မှုတွေ ယူဆောင်ခံလိုက်ရသူပါ။ ဒါပေမယ့် ယောင်းကတော့ သူ့ပျော်ရွှင်မှုတွေကို ပြန်ယူလာပေးမှာ သူငါ့ဆီကိုပြန်လာမှာ။ ငါ့ပျော်ရွှင်မှုကသူဖြစ်နေလို့ သူငါ့အတွက်ပြန်လာမှာ သေချာပေါက် ပြန်လာမှာ။

သူဆက်ပြီးလမ်းမလျှောက်နိုင်တော့ မြေကြီးပေါ်ကို ဒူးထောက်ရပ်ကျသွားသည်။ ငိုရတာမမောသေးတဲ့အလား ရှိုက်ကြီးတငင်ငိုခဲ့ပြန်တယ်။ ဓာတ်ပုံရိုက်နေကြတဲ့ လူတွေကိုလည်းဂရုမစိုက်နိုင်၊ သနားစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ လူတွေကိုလည်းသူအဖက်မလုပ်နိုင်။ ဒါပေမဲ့ သူအော်ပြောချင်တယ် အဲ့လူတွေကို အဲ့လူတွေကို အော်ပြောချင်ပေမယ့် ငိုနေတာကရပ်တန့်လို့မရတော့သလို သူ့ပါးစပ်ကလည်းဘာအသံမှထွက်လို့မရတော့။

ကျေးဇူးပြုပြီး မကြည့်ကြပါနဲ့ ငါကသနားစရာကောင်းတဲ့လူမဟုတ်လို့ အဲ့အစား...... အဲ့အစား ငါ့ကောင်လေးကို ငါ့ဆီပြန်ခေါ်လာပေးဖို့ ဆုတောင်းပေးကြပါ နတ်ဘုရားတွေကငါ့ရဲ့ဆုတောင်းကို မကြားနိုင်လို့ မင်းတို့ လူ အများတွေသာဆုတောင်းပေးမယ်ဆို သူတို့ကြားသွားပြီး ယောင်းကို ပြန်ခေါ်လာပေးမှာ ကျေးဇူးပြုပြီးတော့~~~~~~

ထယ်ယောင်းမရှိတော့ကတည်းက တိုက်ခန်းထဲမှာပဲ နေဖြစ်သည်။ သူအချိန်လိုသည်မလား။ ထယ်ယောင်းရဲ့ခေါင်းအုံးအောက်ကနေ စာတစ်စောင်ရခဲ့တယ်
သူအခုတလော အားတွေမရှိလာတော့တဲ့ အကြောင်း။သူ ကြာကြာနေရတော့မှာမဟုတ်တဲ့ အကြောင်း။ကျွန်တော့်ကို အရမ်းချစ်တဲ့အကြောင်းပေါ့။

Fiend (Complete)Where stories live. Discover now