fiend (part 14)

211 23 0
                                    

ဂျောင်ကု နဲ့ ထယ်ယောင်းမှာမျက်နှာချင်းဆိုင်ထိုင်နေ ကြသည်မှာ နာရီဝက်လောက်ရှိပြီ။မည်သူကမှစကားစမပြော။
ပြောစရာစကားတွေအများကြီးရှိနေပေမယ့် ဘယ်သူဘက်ကမှ တုတ်တုတ်မလှုပ်။ ထယ်ယောင်း သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း သူ့ရှေ့ကလူသားကိုသာ ကြည့်နေသည်။

" ကိုယ့်ကိုအဲ့လိုထပ်ပြီးလှည့်စားဖို့စဉ်းစားနေတာလား"

"မဟုတ်ဘူး ဂျောင်ကု ကျွန်တော်ပြောတာနားထောင်ပါအုံး"

ဂျောင်ကု ထံကနေဘာစကားသံမှ ထပ်မထွက်လာတော့တာကြောင့် ထယ်ယောင်း ဖြေးဖြေးချင်းစနဲ့ အကုန် ပြောပြလိုက်တော့ ဂျောင်ကု ထံမှရီသံထွက်လာသည်။

"ကိုယ့်ကိုကာကွယ်ပေးဖို့ ဟုတ်လား. ယောင်း ကိုယ်ကယောကျာ်းတစ်ယောက်ပါ ကိုယ့်ကိုကိုယ်လည်းကာကွယ်နိုင်သလို ကိုယ်ချစ်တဲ့သူကိုလည်း ကာကွယ်နိင်တယ် မင်းအခုလိုလုပ်လိုက်တာက ကိုယ့်ကိုယ်ကိုစောက်သုံးမကျတဲ့ သူလို့ထင်မိတယ်"

ထယ်ယောင်း က ဂျောင်ကု ဘေးခုံကိုပြောင်းထိုင်လိုက်ပြီး

"မဟုတ်ဘူး ဂျောင်ကု ယောင်းအဲ့တုန်းက ဂျောင်ကု ကိုသူ့လက်ထဲကနေကာကွယ်ပေးချင်တာပဲ သိတာ ကျန်တာ.... ကျန်တာအကုန် ယောင်းစိတ်ထဲဘာမှမရှိဘူး"

ဂျောင်ကု လက်လေးကိုဆုတ်ကိုင်လိုက်ပြီး ထယ်ယောင်း စကားဆက်လာသည်။

"ယောင်း တောင်းပန်ပါတယ် ယောင်း အဲ့လိုတဇွတ်ထိုးမလုပ်လိုက်သင့်ဘူး တကယ်တောင်းပန်ပါတယ် ဂျောင်ကု"

"ဒါပေမဲ့ အခုလည်းယောင်း ကိုယ့်ကိုဖုံးကွယ်ထားပြန်ပြီမလား"

ထယ်ယောင်း ပြောစရာစကားမရှိတော့ချေ။ သူပြောနေတာအမှန်တွေကို ဖုံးကွယ်ထားမိပြန်ပြီ ဒီလူသားကိုတစ်ခါနာကျင်စေရုံမက အခုထပ်ပြီးနာကျင်စေပြန်သည်။

"ယောင်း တောင်းပန်ပါတယ် "

ထယ်ယောင်း အသံတွေတုန်ပြီးမျက်လုံးထဲမှာ မျက်ရည်တွေပြည့်လျှံလာပြီး ပြောလာသည်။ဂျောင်ကု ကမျက်ရည်တွေသုတ်ပေးပြီး

"မငိုနဲ့ ကိုယ့်ဘေဘီလေးဒီကိစ္စတွေက အတိတ်ကဖြစ်သွားပြီ မလား ကိုယ်တို့လက်ရှိမှာပျော်ပျော်နေကြရအောင်နော်"

Fiend (Complete)Where stories live. Discover now