"jungkook ဟို အဲ့တာ"
Taehyung က jungkookကိုလှည့်ကြည့်ရင်းဘယ်လိုဖြေရမှန်းမသိ ဖြစ်နေသည်။
"kim tae မင်းကသူနဲ့အတူတူနေတာလား"
Min Gu က taehyung ကိုမျက်မှောင်ကျုံ့ကာမေးလိုက်သည်။
"ဟမ် မဟုတ်..မဟုတ်ပါဘူး"
Jungkook က taehyung ပုခုံးကိုဆွဲဖက်လိုက်ပြီး min gu ကိုကြည့်ကာ
"မင်းကဘယ်သူလဲ ဘာကိစ္စရှိလို့လဲ"
Min gu က jungkook ကိုမျက်စောင်းထိုးလိုက်ကာ
"မင်းဆီ လာတာမဟုတ်ဘူး Kim Tae ကိုလာတွေ့တာ"
"Kim Tae!!! မင်းကဘာမို့လို့taehyung နာမည်ကိုကြိုက်သလိုခေါ်နေတာလဲ"
Jungkook က min gu ကိုဆွဲထိုးတော့မည့်ပုံနှင့်မေးလိုက်သည်။
"ငါ့ဟာငါဘယ်လိုခေါ်ခေါ် မင်းခွင့်ပြုချက်ယူနေရအုံးမှာလား"
Taehyung တစ်ယောက်သူ့ရှေ့က ရန်ဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ကာ အရင်ကိုပြန်ရောက်သွားသလိုပင်။
တွေ့ရင်ဘယ်တော့မှ မတည့်တဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တော့ အမြဲကာကွယ်ပေးတက် သည်။ ဒါပေမယ့်လည်း ကိုယ့်ကြောင့် သူငယ်ချင်းတွေကွေ ကွင်းခဲ့ရတာမလား။အရင်ကလည်း ကိုယ့်ကြောင့်ခဏ ခဏ စကားများဖူးသည်။ အခုလည်း"တော် တော်ပါတော့ jungkook အိမ်ထဲသွားတော့နော် ကျွန်တော် သူနဲ့စကားပြောပြရင်လိုက်ခဲ့မယ်"
Jungkook ကအဲ့တာကို စိတ်မချသလိုလိုနှင့် ကြည့်နေသည်။taehyung ကထပ်၍ခေါင်းညိတ်ပြလိုက်မှ
Min gu ကိုမကြည်သလိုကြည့်ကာ ၀င်သွားသည်။Jungkook တစ်ယောက်ခုံပေါ်မှာ ငြိမ်ငြိမ်ထိုင်မနေနိုင်။ဟိုကောင်နဲ့ဘာတွေများပြောနေကြတာလဲ။ ခုံပေါ်ကိုထိုင်လိုက်ထလိုက်လုပ်နေသော jungkook ရယ်ပါ။
"ကျစ်!!! ဘာလို့အဲ့လောက်တောင်ကြာနေတာလဲ"
Jungkook ထပ်ပြီးမစောင့်နိုင်တော့လို့ taehyung ရှိရာ အိမ်ရှေ့ကို သုတ်သုတ်သုတ်သုတ် နှင့် လိုက်လာသည်။ jungkook အိမ်ပေါက်ရောက်တော့ ပြန်ဝင်လာသော taehyung ကိုတွေ့လိုက်ရတော့
"အဟမ်းးး ဘာတွေပြောနေကြတာလဲ"
လုပ်ချောင်းကိုဆိုးလိုက်ကာ taehyung ပြန်လှည့်လာတဲ့ ခြံအ၀ကို ချောင်းကြည့်ကာမေးလိုက်သည်။
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်