ထယ်ယောင်းနဲ့ဂျောင်ကု ဂျပန်ကိုထွက်သွားတယ်ဆို ကတည်းက သူ့ဆုံးဖြတ်ချက်ကသေချာသွားသည်။ သူ့အတွက် ဘယ်သူမှမလိုတော့ပေမယ့် ထယ်ယောင်းကတော့လိုအပ်သည်မလား။ သူနဲ့ထယ်ယောင်း အတူတူ ထွက်သွားဖို့သုံးလဆိုတာ ကြာလွန်းတယ်။အဲ့ဒါကြောင့် သူသေမယ့်ရက်ကို ထိုင်တွက်မနေချင်ဘူး သူဆေးကုသဖို့မလုပ်တော့ဘူး ပြီးတော့ အယ်ကိုလ်ဟော တွေများများသောက် လိုက်ရင် သူနဲ့ထယ်ယောင်းနဲ့ ဒီလောကကနေ မြန်မြန်ထွက်သွားလို့ရပြီ။
အခုဆို သူဘယ်အချိန်သေမလဲဆိုတာ မသိတော့ ရင်ခုန်စရာတော့ ကောင်းတယ်မလား ဟက်!!! ဂျောင်ကု အတွက်ကတော့ သနားစရာပဲ။
ဖြစ်နိုင်ရင် ဂျောင်ကုကိုတတိယလူ ဖြစ်စေချင်လိုက်တာ အဲ့ဒါမှ သူဘယ်လောက်လူမုန်းများလဲဆိုတာ ကိုယ်ချင်းစာတက်မှာ။
လူတွေက မသိကြလို့ပါ တတိယလူတွေက နာကျင်စရာတွေပိုများတယ်ကို။ မင်းသားနဲ့ မင်းသမီး နှစ်ယောက်ကြားထဲကိုဝင်နှောက်ယှက်လိုက်ရင် သူ့အလိုလို ဗီလိန်ဖြစ်သွားပြီ။မင်းသမီးနဲ့မင်းသားပေါင်းဖက်နိုင်ဖို့ ဗီလိန်တွေရဲ့ အချစ်တွေကိုချနင်းခဲ့ရတယ်။ပြီးတော့ သူတို့အမြင့်ရောက်ဖို့ ဗီလိန်တွေက ရက်စက်မှုဆိုတဲ့ လှေကားကို ထောင်ပေးရတယ်။ဒါတောင် ဗီလိန်တွေရဲ့ အဆုံးသတ်က မလှခဲ့ဘူး။
ရူးတဲ့သူတွေကရူး၊ သေတဲ့သူကသေ ၊ နိုင်ငံခြားကိုအပြီးထွက်သွားတဲ့ သူနဲ့ ထောင်ကျသွားရတဲ့သူတွေ ဒါပေမယ့် သနားမယ့်လူမရှိဘူး 'ခံရတာတောင်နည်းသေးတယ်' ဆိုတဲ့လူတွေပဲ ဟက်!!! သူကျတော့ကြည့်ပါလား သေတော့မှာလေ အဆုံးထိသူ့ဘက်မှာရှိနေပေးတဲ့ သူတစ်ယောက်မှမရှိဘူး။ ဒီအယ်ကိုလ်ဟော ကတော့ချွင်းချက်ပေါ့။
တစ်နေ့တစ်နေ့ ဒီအယ်ကိုလ်ဟော လေးနဲ့ပဲအဖော်ပြုနေရတာပေါ့။ အဆင်ပြေတယ် ဒီလိုနေရတာ တစ်ခါတစ်ခါ သွေးအန်တဲ့ အချိန်ကျရင် သူနဲ့ထယ်ယောင်းနဲ့ နီးတော့မှာပါလားဆိုပြီး အရုးကြီးလိုပျော်နေတက်သေးတာ
ဒီနေ့တော့ နောက်ဆုံးထင်တယ် သွေးတွေအများကြီးအန်တယ် တစ်ချက်တစ်ချက် သတိလက်လွတ်ဖြစ်သွားတယ်
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်