Jungkook ဒီနေ့အစောကြီးtaehyung အိမ်ကိုလိုက်လာပေမယ့် taehyung ကအလုပ်အရေးကြီးလို့ အစောကြီးထွက်သွားပြီလို့ပြောသည်။
ဒါပေမယ့်လည်းသူကိစ္စတစ်ခုကိုစိတ်ထဲမတင်မကျ ဖြစ်နေသည်မှာ အခုထိ။taehyungဆီ လိုက်သွားဖို့စဉ်းစားပေမယ့် အရေးကြီး meeting တစ်ခုပေါ်လာလို့နေ့လည်မှသွားရန် ဆုံးဖြတ်လိုက်သည်။"CEO jeon ရောက်လာပါပြီလား ရှယ်ယာရှင်တွေကိုအစည်းအဝေးခန်းထဲမှာစောင့်ခိုင်းထားပါတယ်"
Jungkookကခေါင်းညိတ်ပြီး အစည်းအဝေးခန်းရှိရာ ကိုဦးတည်ပြီးလျှောက်လိုက်သည်။jungkook အစည်းအဝေးခန်းထဲရောက်သွားမှ meeting ကိုစလိုက်ကြသည်။ 3နာရီအကြာ အစည်းအဝေးလုပ်ပြီး ရှယ်ယာရှင်တွေနဲ့သဘောတူညီမှုလုပ်ပြီး အစည်းအဝေးအဆုံးသတ်သွားသည်။
"တီ .တီ"
စားပွဲပေါ်မှာတင်ထားသည့် ဖုန်းရဲ့တုန်ခါမှုကြောင့် အသံပိတ်ထားပေမယ့်လည်း စားပွဲပေါ်လက်တင်ထားသောကြောင့် message လာမှန်းသိလိုက်သည်။ ယူကြည့်လိုက်တော့ အမည်မသိဖုန်းနံပါတ်က
"taehyung အကြောင်းဆွေးနွေးရအောင်"
ဆိုသည့် စာကြောင်းနှင့်အတူ GPS ပါပို့ထားသည်။ taehyung အကြောင်းဆိုမှတော့ ဘယ်သူမှန်းတွေးစရာမလို။သေချာပေါက် ဟိုလူပေါ့။
Jungkook ချိန်းထားတဲ့ကော်ဖီဆိုင်ကို ရောက်တော့ လူအများကြီးသိပ်မရှိတဲ့နေရာမှာ ထိုလူကိုရှာဖို့ရာခက်မနေ။ မျက်လုံးလေးဝေ့ကြည့်လိုက်တာနဲ့ မြင်ကွင်းထဲမှာပေါ်လာသည်။
ထိုလူရှိရာသို့ လျှောက်သွားလိုက်တော့ မော့ကြည့်လာသည့်ထိုလူ။
"ရောက်လာသားပဲ ထိုင်ပါအုံးဘာသောက်မလဲ"
Jungkook က min gu ထိုင်ခုံရှေ့ဝင်ထိုင်လိုက်ပြီး
"ပြောစရာရှိတာပြောရအောင် ကျွန်တော်မအားလို့ပါ"
Min gu ကနှုတ်ခမ်းလှုပ်ရုံမျှပြုံးလိုက်ပြီး
"ဟုတ်ပါပြီ လိုရင်းကိုပြောကြတာပေါ့ "
Min gu က မျက်ခုံးပင့်လိုက်ပြီးစကားကိုပြန်စလိုက်သည်။
"ခင်ဗျားကိုကြည့်ရတာ taehyung အကြောင်းမသိသေးဘူးထင်တယ်"
Jungkook ကမျက်မှောင်ကျုံလိုက်ပြီး
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်