"baby "
Taehyung ခေါ်သံကြောင့်လန့်သွားမိသည်။
Jungkook!!!!!!"Jung jungkook"
Taehyungရှိရာကို တစ်လှမ်းချင်းစီလျှောက်လာနေသည့် jungkook ကိုကြည့်ရင်း taehyungဇောချွေးပြန်နေမိသည်။
"Baby ဘာလုပ်နေတာလဲ အလုပ်ပိတ်တယ်မလား"
Jungkook ကထိုင်နေတဲ့ taehyung ရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးမေးလိုက်သည်။taehyungရှေ့ က min gu ကတော့ jungkook ကိုမျက်မှောင်ကျုံကာကြည့်နေသည်။
"အာာ အဲ့တာ ဒီတိုင်း အလုပ်ကိစ္စရှိလို့"
Taehyungကတော့အလွန်တုန်လှုပ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကိုမတွေ့ ဖြစ်အောင်ထားခဲ့ပေမယ့်လည်း
စောက်သုံးမကျတဲ့ ကံကြမ္မာကသူ့အလိုကျဖြစ်လာပြန်ပြီ။"Tae သူကဘယ်သူလဲ "
Min gu ကjungkookကို မျက်ခုံးပင့်ပြီးမေးလိုက်တော့ jungkookက taehyungအဖြေကို စောင့်စားနေဟန်။
"လုပ်ဖော်ကိုင်ဖက် ပါ ဟို အဲ့တာဆို ပြန်တော့မယ် နော် "
Taehyung ရဲ့အဖြေကြောင့် ပါးစောင်ကိုလျှာနဲ့ထိုးနေတဲ့
Jungkook ကိုကြည့်ရတာဒေါ်သကိုအတော် ထိန်း ထားရတဲ့ပုံစံပင်။"အော် ဟုတ်ပါပီ အဲ့တာဆို မနက်ဖြန်တွေ့မယ်နော်"
Taehyung ခေါင်းညိတ်ပြပြီး မတ်တပ်ထရပ်လိုက်တုန်း ရှိသေး jungkook ရဲ့တစ်စောက်ကမ်း ဆွဲတဲ့နောက်ပါသွားသည်။ ထို့နောက် jungkook က taehyung ကိုကားပေါ်ပစ်တင်ပြီး ၀ရမ်းသုန်းကား မောင်းထွက်သွားသည်။
အတန်ကြာမောင်းနှင်လာပြီးတဲ့နောက်တွင် jungkook ကားကိုရပ်လိုက်သည်။taehyung ဘေးဘက်ကိုကြည့်လိုက်တော့လည်း ဘာမှမရှိ ကားလမ်းမကြီးနဲ့တောအုပ်ကြီးပဲရှိသည်။ကြည့်ရတာ အဝေးပြေးလမ်းမကြီး ဖြစ်လိမ့်မည်။
Jungkook က ကားပေါ်က အရင်ဆင်းသွားပီး taehyung ကိုတံခါးလာဖွင့်ပေးကာ ကားပေါ်ကဆွဲချလိုက်သည်။ ပီးတဲ့နောက် taehyung ကိုကျောပေးကာ ခါးထောက်ပြီးဒေါ်သတွေဖြေလျော့နေဟန်ကြောင့် taehyung အသံမထွက်ရဲ။အရင်ဘ၀ကတော့ဒေါ်သ
ထွက်ရင် ကြောက်စရာကောင်းတာကြောင့် လက်နှစ်ဖက်ကိုစုကာ ခေါင်းကိုအတင်းငုံ့ထားရသည်။
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်