ဒီနေ့တော့taehyung အလုပ်သွားရမည်။ နေမကောင်းတုန်းနှစ်ရက်နားလိုက်ပါတယ် လုပ်ရမယ့် project တွေ ကမောက်ကမဖြစ်ကုန်ပြီ။သေချာသည် ဒီတစ်ပတ် တော့အလုပ်နဲ့နပန်းလုံးရတော့မည်။
"ဟူးး"
Taehyung တစ်ယောက်စဉ်းစားရင်းစိတ်တွေ ပိုရှုပ်လာလို့ သက်ပြင်းအကျယ်ကြီးချလိုက်သည်။
"အတွင်းရေးမှူး min မနေ့ကငါဆေးရုံလိုက်ပို့ခိုင်းလိုက်တဲ့ လူရော"
Taehyung၏အမေးကြောင့် အတွင်းရေးမှုး minဟာ
ကားမှန်ထဲကနေ taehyung ကိုလှမ်းကြည့်ပြီး"ကောင်းကောင်းလိုက်ပို့လိုက်ပါတယ် CEO ဒါပေမယ့်သူကCEO အကြောင်းတွေကိုဆက်တိုက်မေးပါတယ်"
Min gu၏အပြောကြောင့် taehyungမျက်ခုံးများတွန့် ချိုးသွားရပြီး
"ဘာတွေမေးတာလဲ"
"အရင်ဆုံးအသက်ကိုမေးပါတယ် ပြီးတော့ CEOရဲ့မိဘတွေအကြောင်း၊မွေးနေ့ CEO ရဲ့နောက်ကြောင်းတွေကိုမေးသွားပါတယ်"
"မင်းဘာမှမဖြေလိုက်ဘူးမလား"
"ဟုတ်ကဲ့"
Taehyung min gu အဖြေကြောင့်စိတ်ချသွားရပြီးသူ့ မျက်လုံး တွေကိုတစ်ဖန် ပြတင်းပေါက်ဘက်ကို ပြန်ပို့လိုက်သည်။
"မင်းဘာတွေသိချင်နေတာလဲ min gu"
Taehyung ကုမ္ပဏီကိုရောက်တာနဲ့တွေးထားတဲ့အတိုင်းပင် လုပ်စရာတွေတောင်လိုပုံနေသည်။ ထမင်းစားချိန်တောင် မမှန်တော့တဲ့အထိအလုပ်တွေလုပ်နေရသည်။
"ဒေါက် ဒေါက် ဒေါက်"
"၀င်ခဲ့"
တံခါးခေါက်သံကြောင့် taehyung အာရုံပျက်သွားရပေမယ့်လည်း အကြည့်တွေကိုစာရွက်စာ တမ်းတွေဆီက မခွာဘဲ ပြောလိုက်သည်။
"CEO.. CEO Choi က၀င်ခွင့်တောင်းနေပါတယ် "
ကြားလိုက်ရတဲ့နာမည်ကြောင့် taehyung မျက်လုံးများမှာ အတွင်းရေးမှူး min စီကိုအကြည့်ပို့လိုက်သည်။
"ဘာလို့တွေ့ချင်တာတဲ့လဲ"
"မသိပါဘူး သူ့ကိုမတွေ့ချင်ရင် သူ့သူငယ်ချင်းဆီသွားလိုက်ပါ့မယ်တဲ့"
YOU ARE READING
Fiend (Complete)
Fanfictionzawgyi and unicoad တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ် တွေ့ဆုံတဲ့ အချိန်က ထပ်ပြီးခွဲခွာဖို့ဖြစ်ခဲ့ပြန်တယ်