fiend (part 15)

195 19 0
                                    

ဂျောင်ကု ဆရာဝန်နဲ့စကားပြောနေတုန်း ထယ်ယောင်းလဲကျသွားတာမြင်လိုက်ရသည်။ ထယ်ယောင်းကိုပါ ဆေးရုံတင်လိုက်ရပေမယ့် ဆရာဝန်က ထူးဆန်းတဲ့စကားလာပြောသည်။သတိမေ့နေတဲ့ ထယ်ယောင်းကိုဘေးကနေ ထိုင်ပြီးစောင့်နေပေမယ့် စောနကဆရာဝန်ပြောသော စကားကိုသာပြန်ကြားယောင်နေ မိသည်။

"ဒီကလူနာရှင်လားမသိဘူး "

ထယ်ယောင်းကိုစစ်ဆေးပေးသောဆရာဝန်က ဂျောင်ကုကိုမေးလာသည်။

"ဟုတ်ပါတယ်ဗျ ကျွန်တော်ပါ"

"ဒီစကားကိုဘယ်လိုပြောရမလဲတော့မသိဘူး ကျွန်တော်တို့တစ်သက်ဒီလိုလူမျိုးကို မတွေ့ဖူးဘူး လူနာရဲ့ခန္နာကိုယ်ကို စစ်ဆေးလို့မရဘူးဗျ "

"ဗျာ အဲ့တာ ဘာကိုဆိုလိုတာလဲဗျ"

ဆရာဝန်ကမျက်မှန်ကိုပင့်တင်ရင်း စကားဆက်လာသည်။

"ဒီလိုပါ လူနာကအရမ်းလန့်ပြီးမေ့လဲတာမျိုးလား ဒါမှမဟုတ် ခန္နာကိုယ်ကပြဿနာရှိတာလားဆိုတာကိုစစ်ဆေးရပါတယ် ဒါပေမဲ့ ကျွန်တော်တို့ဘာကိုမှစစ်ဆေးလို့မရပါဘူး အထူးသဖြင့်နှလုံးပါ အဲ့လိုစစ်ဆေးလို့မရတော့ သူအသက်သေဆုံးသွားသလားဆိုပြီးစစ်ဆေးတော့ နှလုံးကခုန်မနေပါဘူး လူသေတွေလိုမျိုးပဲ လုံးဝကိုခုန်မနေပါဘူး သူသာအသက်ရှုမနေရင် သူ့ကိုလူသေအဖြစ်သက်မှတ်မိမှာပါ ကျွန်တော်တို့ဒီကိစ္စကို လူနာရဲ့ personal မို့အပြင်ကိုတော့ပေါက်ကြားမှာမဟုတ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး လူနာရှင်သိဖို့အတွက်ပဲပြောပြတာပါ"

ဆရာဝန်စကားဆုံးတော့ ဂျောင်ကု စဉ်းစားစရာတွေဖြစ်သွားခဲ့သည်။ ဆရာဝန်ကိုတောင် အကြောင်းမပြန်နိုင်တော့တဲ့အထိ ထိတ်လန့်မိသွားသည်။

"ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"

ဂျောင်ကု ခေါင်းငြိမ့်လိုက်သလားမငြိမ့်လိုက်သလားဆိုတာ ကိုပင်မသိတော့ ။

အတွေးထဲမှာနစ်မြောနေတာကြောင့် ထယ်ယောင်းနိုးလာ တောင်မသိလိုက်။

"ထယ်ယောင်း သက်သာလား ခေါင်းတွေကိုက်နေသေးလား"

ထယ်ယောင်းထရန်လုပ်တော့ ဂျောင်ကုက ထယ်ယောင်းကိုကူထစေသည်။ပတ်ဝန်းကျင်ကိုအကဲခတ်နေတဲ့ထယ်ယောင်းက သူရောက်နေတာဆေးရုံမှန်းသိတော့ ဂျောင်ကုကိုမျက်နှာငယ်နဲ့ကြည့်လာသည်။

Fiend (Complete)Where stories live. Discover now