fiend (part 7)

285 29 0
                                    


Taehyung ဆေးရုံကဖုန်းဆက်ခေါ်လို့ လူကအားမရှိပေမယ့် သွားရသေးသည်။ဆေးရုံကိုရောက် တော့ ဆရာဝန်က လူနာသက်သာသွားပြီ ဖြစ်ကြောင်း စိတ်ပူစရာမရှိတော့ကြောင်းပြောပြလာသည်။

"ဆေးရှိန်ပြယ်ရင်တော့နိုးလာပါလိမ့်မယ် စိုးရိမ်စရာတော့မရှိ တော့ပါဘူး "

"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်"

"ဒါဆိုသွားခွင့်ပြုပါအုံး"

Taehyung ဆရာဝန်နဲ့စကားပြောပြီး min gu ရှိရာအခန်းထဲကိုဝင်လာခဲ့သည်။ ကုတင်ပေါ်မှာအောက်စီဂျင် ပိုက်တပ်ရပ်နဲ့အိပ်နေတဲ့ min gu ကိုကြည့်ပြီးသက်ပြင်းချမိသည်။ အဖေ အမေ ဖုန်းနံပါတ်ကိုတောင် မှတ်မထားတဲ့ သူငယ်ချင်းကြီးကိုသာ ထုရိုက်ပစ်ချင်တော့သည်။

မနက်မိုးမလင်းခင်တော့ပြန်မှဖြစ်မယ်။jungkook က ဘယ်အချိန်လာခဲ့မယ်လို့ မပြောသွားတာကြောင့် jungkook မရောက်ခင်တော့ သူကြိုရောက်နေမှ အဆင်ပြေလိမ့်မည်။

ကုတင်ပေါ်မှာလှဲနေတဲ့ min gu ကိုကြည့်ပြီး taehyung အသံထွက်အောင်ရီမိသည်။ ဒါကသူ့ကိုယ်သူ လှောင်ရီလိုက်ခြင်းပင်။

" Choi Min Gu ငါကရီရတယ်မလား မင်းနဲ့မတော်လို့များ ပြန်ဆုံခဲ့ရင် မင်းဘ၀ထဲငါလုံး၀၀င်မလာ တော့ဘူးလို့ဟစ်ကျွေးထားပေမယ့် အခုကျတော့
့ ငါဘာမှမတက်နိုင်တော့ ဘူး min gu "

အဖြေပြန်မလာနိုင်တဲ့ သူကြောင့် taehyung စကားသံရပ်သွားခဲ့သည်။

ဒီအတိုင်း taehyung, min gu ကိုဘာမှ မပြောတော့ပဲ ထိုင်စောင့်နေခဲ့သည်။ မိုးလင်းခံနီး ပြတင်းပေါက်ကနေ အလင်းရောင်သဲ့သဲ့ကို မြင်ရချိန်မှ taehyung ထိုင်နေရာမှ ထရပ်လိုက်ပြီး အခန်းတံခါးပေါက် ကိုခြေလှမ်းများဦးတည်လိုက်သည်။တံခါး လက်ကိုင်ကိုကိုင်ရင်း အိပ်ပျော်နေတဲ့ min gu ဘက်ကိုလှည့်ကာ

"ငါပျောက်ကွယ်သွားရမယ့်အချိန်မရောက်ခင်လေး... အရင်လို ငါတို့သုံးယောက် ပြန်အဆင်ပြေစေချင်မိတယ်"

Taehyung ပြောပြီးသည်နှင့် အခန်းထဲမှထွက်သွား သည်။ အခန်းထဲ၌ကျန်ခဲ့သည့်လူသည် မျက်လုံးပွင့်လာပြီး taehyung ထွက်သွားသည့်ဘက်ကိုခေါင်းလှည့်ကာ

Fiend (Complete)Where stories live. Discover now