Part I

2.5K 132 2
                                    

တက္ကသိုလ်မေဂျာပေါင်းစုံရဲ့ ဖရက်ရှာဝဲလ်ကမ်းနေ့တွင် ကျောင်း​၏ မေဂျာစုံမှ အလှပဂေးလေးများ ဈေးရောင်းနေကြသည်....ထိုအလှပေါင်းစုံ ခညောင်းနေသည့်ကြားမှ ထူးထူးခြားခြား ငန်းဖြူလေးတစ်ကောင်နှယ် နံနက်ခင်းပွင့်သစ်စနှင်းဆီရောင်နှုတ်ခမ်းဖူးလေးနှင့် မျက်မှန်ထူထူကောင်လေးတစ်ယောက်မှာတော့ စီနီယာများထံမှ လက်မှတ်ရရေး လက်မှတ်အရေအတွက်ပြည့်ရေး လူကြားထဲတိုးဝှေ့ရင်း ကြားညပ်နေလေရဲ့.....

အတင်းတိုးဝှေ့နေကြသော လူကြားထဲမှာ အကောင်သေးသေးငန်းဖြူလေးခမျာ အသက်မနဲလုရှူနေရသည်....လူတိုးတိုင်းလမ်းလျှောက်စရာမလိုပဲ အော်တိုရှေ့ညပ်ပါသွားတာလဲ သူ့ရဲ့မွေးရာပါခန္ဓာကိုယ်လေးကြောင့်ပင်ဖြစ်သည်....လူတဖြေးဖြေးများလာသည်နှင့် အသက်ရှူကျပ်လာပီ.....လေရှူရန် အနောက်ကတိုးထွက်လာခဲ့ပေမယ့် တိုးဝှေ့နေသော အရှိန်ကြောင့် လူကနောက်ကို ဟပ်ထိုးလဲကျသွားသည်....

" ဟား.....သွားပီ.....အရှက်ကွဲပါပီ....."

Jimin စဉ်းစားနေတုန်းရှိသေးသည်....သူလန်ကျသွားတာက ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ကြီးပေါ်သို့.....အကျ​တော်လို့ ကံကောင်းသည်ဆိုရမည်....နို့မို့ အရှက်ဗြန်းဗြန်းကွဲမည့်အရေး မလွယ်ပါ....

" ဂရုစိုက်မှပေါ့ကွာ.....ငါနဲ့မေဂျာတူတာပဲ....လာ...ငါတန်းစီပေးမယ်....မင်းကဟိုနားကခဏစောင့်နေ....."

"ကျေးဇူး....."

Jimin တစ်ချိန်လုံးတန်းစီနေတာ တိုးမပေါက်တဲ့လူအုပ်က ထိုသူ့လဲမြင်ရော အကုန်နေရာဖယ်ပေးကြတာ တော်ရုံစန်းကောင်းမှုမျိုးမဟုတ်....စီနီယာဆီမှ လက်မှတ်ရလာခဲ့တော့ စာအုပ်လေးမြှောက်ပြပီး ပြုံးပြနေသည့်ထိုလူ တော်တော်ချောသည်.....

" ဟေး.....ရခဲ့ပီလက်မှတ်....ငါ့ကိုဘာပြန်ဝယ်ကျွေးမှာလဲ အသေးလေး...."

" ငါအသေးလေးမဟုတ်ဘူး...ဒါကစီနီယာတွေ စလိုက်တာ...ငါ့နာမည်က Park Jimin....အင်ဂျင်နီယာဌာနက...."

" အေးပါ....ငါက Jeon Jungkook....မင်းနဲ့မေဂျာတူပဲ....ခဏနေ နောက်ထပ်နှစ်ယောက်လဲ လာမှာ....သူတို့လာမှ တူတူမုန့်သွားစားကြတာပေါ့...."

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now