Jungkook ပြန်ရောက်ထဲက ဘေးခန်းက သူငယ်ချင်းတစ်ယောက်ကပြောလိုက်သည့်စကားကြောင့် စိတ်ထဲအတော်နေလို့မကောင်းပါ....
" Jungkook....Jimin အခန်းထဲမှာ သင်တန်းပေးခေါင်းဆောင်ရောက်နေတယ်....ညအိပ်မှာလားမသိဘူး....ကြည့်လုပ်အုံးနော်ဟေ့ကောင်....တော်ကြာကျန်ရစ်ဖြစ်နေမယ်...."
Jungkook ငယ်ထိပ်မြွေပေါက်ပီ....တံခါးခေါက်ပီး ဝုန်းဒိုင်းကျဲလို့ကလဲမဖြစ်....အပေါက်ဝမှာပဲ အထဲကဘာသံတွေကြားမလဲဆိုပီး တံခါးဝနားကပ်ချောင်းနေသည်.....
" အဲ့....စကားတွေပြောနေကြတယ်.....အသံတွေကလဲတိုးလိုက်တာကွာ.....ငါ့အခန်းနဲ့ မင်လေးအခန်းနဲ့က လေတိုးသံတောင်ကြားရတယ်....အခန်းထဲကပဲ ထပ်ချောင်းမယ်...."
အပြင်က Jungkook ချောင်းနေတာကို အကင်းပါးသော Yoongi hyungက သိနေသည့်အတွက်ကြောင့် အထဲကနေ Jungkook မယိုးမရွဖြစ်အောင် ထိုင်စနေသည်....
ခုလဲ Jimin ကို အသံခပ်အုပ်အုပ်နဲ့ပြောပီး ကျိတ်ခွီနေသည်မှာ Gummy smileလေးပေါ်သည်အထိ....ဟိုကောင် Taehyungသာမြင်လျှင် အကြိမ်ကြိမ်ပစ်ကြွေချင်စရာ အပြုံးချိုချိုလေးပင်.....
" အငယ်ကောင်....မင်းအိပ်တော့မှာလား....မင်ကောင်က ငါတို့ကိုသေချာပေါက်ချောင်းနေမှာ သေချာတယ်...."
" မင်လေးနဲ့ ဘာဆိုင်တော့လို့လဲ...."
" ငါလေးလုပ်လိုက်ရင် အကြီးကအနိုင်ကျင့်တယ်ဖြစ်အုံးမယ်.....ခုချိန်ကနေစပီး ဘာသံမှမထွက်စေနဲ့....ငြိမ်ငြိမ်လေးပဲနေ....ကြားလား....မင်းမှာ ဟိုခွေတွေရှိလား...."
" ဘာခွေလဲ....."
" ဟိုဟာလေကွာ....Gay pornခွေလေကွာ....-ီးလိုပဲ....အကိုက ဒါတွေကစလိုက်လုပ်ပေးနေရတာ ဟုတ်ကိုမဟုတ်တော့ဘူး....."
" ဟာဗျာ....ကျနော့ထဲဘယ်လိုလုပ်ရှိမှာလဲ Hyungရာ...."
" အဲ့ဒါဆို ကွန်ပြူတာဖွင့်...."
" ဘာ....ဘာလို့အလောတကြီးဖြစ်နေတာလဲ....."
" အသာနေစမ်းပါကွာ.....ငါလဲမကြည့်ဘူး....ဒီတိုင်းပဲဖွင့်ထားမှာ....မင်းအကောင်ကို စမ်းသပ်ချင်လို့ဟ....."
" ရှုပ်နေတာပဲ Hyungတို့ရာ....ရော့ Laptop.....ကျနော့ကွန်ပြူတာ virusကိုက်ရင် Hyungအသစ်ဝယ်ပေးရမှာနော်...."
YOU ARE READING
ဒို့နှစ်ယောက်ရဲ့အိမ်ကလေး
Romanceသံယောဇဉ်တွေကနေ အချစ်တွေဖြစ်သွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်အောင် ချစ်သွားကြတယ်....အချစ်အတွက် သူရဲကောင်းကြီးဖြစ်ဖို့ မလိုသလို အရှုံးသမားအဖြစ်လဲ မရှင်သန်သင့်ဘူး...အချစ်ဆိုတာ သူတစ်ယောက်ထဲရှိနေရုံနဲ့ ပီးပြည့်စုံနေတာမျိုး....