Part II

1K 105 0
                                    

ရာသီတွေအလီလီပြောင်းလာခဲ့ပေမယ့် အလွန်းတုံးလွန်းစိန် အမောင်Jungkook ကတော့ Jimin ကို ရှိတယ်တောင်မထင်ခဲ့....သူငယ်ချင်းဘဝက ခြေတစ်လှမ်းတိုးမိတိုင်း ပုတ်ပုတ်ချခံလိုက်ရသော မိမိအဖြစ်ကိုလဲ စိတ်မကောင်းမိ.....ကိုယ့်ကိုယ်ကိုသာ ထုထောင်းရိုက်နှက်ပီး " ဒီလောက်ချစ်နေရတာ မမှတ်သေးဘူးလားဟယ်..." ဆိုပီး ထုနှက်ရိုက်ပစ်ချင်လောက်အောင် စိတ်တိုရသည်....

ဟောခုလဲသူ့အကြောင်းတွေးနေရင်း ပုံးကြီးတစ်ပုံးနဲ့ Jimin အခန်းထဲထိတောင် ရောက်ချလာပြန်ပီ....

" အချစ်ကလေးမင်မင်လေးရေ....မင်လေးရေလို့...."

" ဘာတုန်း...."

" ထူးတာလေးကလဲ ချစ်စရာကောင်းလိုက်တာ....ရော့...ဒါလေးစားလိုက်အုံး....အာ...."

လက်ထဲကမုန့်ထုတ်ကိုဖောက်ပေးပီး ဆော်ခြွေသလို တစ်ယုတစ်ယကျွေးနေသေးသည့် Jungkook ပုံစံက ရုတ်တရက်ရူးများသွားသလားထင်ရသည်....

" အာ့ ဘာဖြစ်နေတာလဲ......ဖရိုဖရဲလုပ်မနေနဲ့....."

" အင်းပြောပါမယ်ချစ်ဆုံးပူတူးတူးလေးရဲ့....ကိုကြီးကို တစ်ခုကူညီပါ့လားလို့.....ဒါလေးကို တတိယနှစ်က Yuna noonaကို ပေးပေးပါ့လားဟင်....."

" ဘာ.....Jeon Jungkook....မင်းလွန်ပီနော်.....ဟိုပထမနှစ်ကောင်မလေးကိုလဲ တစ်ပတ်နဲ့ဖြတ်ပစ်လိုက်တာ.....မများလွန်းဘူးလားကွာ.....မင်းရည်းစားတွေ မေဂျာစုံနေပီနော် ချီးထုတ်....."

" တစ်မေဂျာကျန်သေးတယ်.....ငါက သူလေးကိုတော့ ချစ်လွန်းလို့ဥထားတာ.....လူမစုံသေးဘူး....."

" မရွှီးနဲ့ဟေ့ကောင်.....မင်းလိုစားဘဲက ချစ်တတ်တယ်ဆိုတာ ကောင်းကင်မှာ ငါးတွေရေကူးနေတာမြင်ရဖို့ထက် ပိုခက်တယ်ကွ....."

" တကယ်ပါဆို.....ငါမတွဲဖူးတဲ့မေဂျာက တစ်ကျောင်းလုံးမှာ တစ်ခုပဲကျန်တယ်.....ဒုတိယနှစ် အင်ဂျင်နီယာဌာနက လေးလုံးပိစိသေးသေးလေးလေ....."

Jiminကို အကြောင်ရိုက်လိုက်ပြန်ပီး တဟားဟားရယ်နေပြန်သေးသော ငပွေးကောင်က လာစားနေပြန်ပီ.....ဒီကောင်ပြောတဲ့တိုင်းဆို သူတို့အတန်းထဲကပေါ့....မိန်းကလေးတွေအားလုံး ဘော်ဒီတောင့်တောင့်ဖြောင့်ဖြောင့် အကိတ်တွေများသည်.....Jungkook ပြောတဲ့ သေးသေးကွေးကွေးမျိုး Jimin မမြင်ဖူးခဲ့.....စဉ်းစား၍လဲ မရ...

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now