Part VI

978 73 0
                                    

" Jimin....ဟိုကောင်ဘာအရူးထနေတာလဲမသိဘူး....လာကြည့်လှည့်အုံး..."

အမောတကောပြေးလာသော Taehyungနဲ့ Hoseok ဘာပြောလဲမသိလို့ သေချာပြန်မေးနေရသေးသည်....

" အမောတကောနဲ့ ဘာဖြစ်လာကြတာလဲဟ...ဖြေးဖြေးချင်းပြော...."

" Jungkook ခေါင်မိုးထပ်မှာ ကောင်မလေးတွေနဲ့....."

" ဘာ.....သေပီ Jeon Jungkook...."

Jimin လွယ်အိတ်ကောက်ဆွဲပီး လူဆိုးကောင်ကို ပညာပေးဖို့ထထွက်လာခဲ့သည်....နောက်က ဘာတွေဆက်ပြောနေမှန်း မကြားမိတော့....

​စိတ်ဆိုးမာန်ဆိုးနဲ့ခေါင်မိုးထပ်ရောက်သွားတော့ မိန်းကလေးတစ်သိုက်ကြားမှာ ဒူးထောက်လျှက်ရှိနေသော လူဆိုးကောင်.....ဘာတွေဖြစ်နေမှန်းတောင် မသိတော့....ဒူးထောက်နေသော Jungkook ကို တစ်ချို့ကနမ်းသွားကြသည်...တစ်ချို့က ပါးရိုက်သွားကြသည်....

သေချာတာက Jungkook ပါးနှစ်ဖက်လုံး လက်ဝါးရာတွေရဲနေပီ....ခံရတဲ့သူကတော့ ပြုံးပြုံးလေးနဲ့ ဘာခံစားချက်မှရှိမနေပေမယ့် မြင်ရသူအဖို့ နေရာမှာတင် ထိုင်ငိုပစ်လိုက်ချင်သည်....

" Jeon Jungkook....ဒါဘာလုပ်နေတာလဲ...."

သူ့ကိုမြင်သွားတော့ ​တောက်တောက်ပပလေးပြုံးပြနေရင်း....

" မင်လေး....ခဏစောင့်နော်....ကိုယ်အားလုံးပီးတော့မယ်...."

" တော်ကြပါ​တော့....သူအရမ်းနာနေပီ....ကျနော်တောင်းပန်ပါတယ်ဗျာ....တော်ကြပါတော့.....မကျေနပ်ရင် ကျနော့ကိုရိုက်ကြပါ...."

အလှည့်ကျစောင့်နေသော ပါးမရိုက်ရသေးသော ကောင်မလေးတွေက....

" ဒါကြောင့်လဲ ဒီကဝေကောင်အချိုးတွေပြောင်းသွားတာနေမယ်....Jimin အားပေးနေမယ်....Jimin ကို ဒီကဝေကောင် အနိုင်ကျင့်တဲ့တစ်နေ့ ငါတို့နဲ့တွေ့မယ်.....သဲသဲလှုပ်အချစ်ခံရတာ Jimin ကံကောင်းလိုက်တာ....."

ကျန်နေသည့်သူအားလုံး Jungkook ကိုတစ်ယောက်တစ်ခွန်း သတိပေးပီး ထွက်သွားမှ Jungkook ရှေ့ထိုင်ချလိုက်ရင်း ရဲနေသော Jungkook ပါးလေးကို ဖွဖွကိုင်ပီး ငိုနေမိသည်....

" ဘာလို့ဒီလိုတွေအရူးထတာလဲ.....ငါတောင်နမ်းလို့မဝသေးတဲ့ပါးလေးကို ငါ့ခွင့်ပြုချက်မရပဲ ဘာလို့အရိုက်ခံရတာလဲ....."

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now