Part IX

791 63 0
                                    

Jimin ကို အိမ်ပြန်ခေါ်သွားတဲ့နေ့ကစပီး ကျောင်းလာမတက်တာတောင် တစ်ပတ်နီးပါးရှိတော့မည်....ဒီနေ့က အရေးကြီးစာမေးပွဲရှိသည်မို့ သဲပေါက်လေးမလာမဖြစ် လာကိုလာရမည်....အတူထိုင်နေကျ ကန်တင်းကခုံတန်းလျားလေးမှာ ထိုင်ငေါင်နေရင်း ချစ်ရသူသဲပေါက်လေးအလာလမ်းကိို မျှော်နေရင်းဆေးလိပ်မီးညှိနေတုန်း အဝေးဆီက အမြဲစွဲလမ်းရပါသော သဲပေါက်ဆွတ်နေကျ ရေမွှေးနံ့လေး...

ဆေးလိပ်တောင်မီးကောင်းကောင်းမဆွဲသေး....ချက်ချင်းထိုးချေခံရသော ဆေးပေါ့လိပ်လေးက Jungkook ကိုကျိန်ဆဲနေလေရဲ့....အနားရောက်လာတာနဲ့ ပြေးဖက်ဖို့ကြံတော့ မျက်နှာတည်လေးနဲ့မို့ တွန့်သွားရပြန်သည်....စိမ်းများသွားလို့လားဆိုသည့်အတွေးကြောင့် ပူလောင်လာရပေမယ့် ခပ်လှမ်းလှမ်းကို ကြည့်မိတော့ ဗလခပ်တောင့်တောင့် လူနှစ်ယောက်က သဲပေါက်လေးကို မျက်ခြေမပြတ်ကို စောင့်ကြည့်နေကြသည်မို့ Jungkook အခြေအနေကို သဘောပေါက်လိုက်ပီ....

သိလိုက်ပီမို့ အခြေနေသိဖို့ အရိပ်အခြေစောင့်နေတုန်း မမှာထားသော ဟင်းပွဲလာချတာကြောင့် ပြန်ပေးမလို့ပေမယ့် စာရွက်ခေါက်လေးက မသိမသာထွက်လာသည်.....

" မောင်....စာမေးပွဲကို သေချာဖြေနော်...ပီးတာနဲ့ ခေါင်မိုးထပ်လာခဲ့....သဲပေါက် ဒီနှစ်ယောက်ကို မျက်ခြေဖြတ်ပီး လာခဲ့မယ်....စာမေးပွဲချိန်ပီးလို့ တစ်နာရီနေလို့မှ မရောက်လာရင်တော့ မောင့်ဆီနောက်နေ့ရောက်အောင်လာခဲ့မယ်နော်...."

သဲပေါက်လေးကို သူ့အိုမားခေါ်သွားတဲ့နေ့က ရပ်ကွက်ထိပ်မှာ ခိုးတွေ့မယ့်အစီစဉ်ကလဲ ပါးနပ်လှတဲ့ ယောက္ခမဖြစ်သူကြောင့် ဖမ်းမိသွားပီး ပါမစ်တွေအကုန်ပိတ်သွားသည့်အပြင် ဘယ်သွားသွား ဘော်ဒီဂတ်တကားကားက ကပ်ပါလာသေးသည်....ကျန်သုံးတွဲလဲ ထိုနည်းတူကျဉ်းထဲကျပ်ထဲရောက်နေကြသည်မို့ ဘယ်သူ့ဘယ်သူမှ မကူညီနိုင်ခဲ့ကြ....

ကံကောင်းတာက ကျောင်းဆောင်ထဲသို့ ကျောင်းသားတွေမှအပ မဝင်ရသဖြင့် စာမေးပွဲဖြေခါနီးတော့ ခဏတွေ့ခွင့်ရခဲ့သည်.....

" မောင်.....စာရောကျက်ခဲ့ရဲ့လားမောင်ရယ်....ပုံစံကလဲ ညှင်းသိုးသိုးနဲ့....First semester က အရေးကြီးတယ်လေ...စာသေချာလုပ်ခဲ့ရဲ့လားဟင်...."

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now