အချိန်တွေ တရွေ့ရွေ့ကုန်လာလိုက်တာ လက်ထပ်ပီးတာ ငါးနှစ်ပြည့်တော့မည်...Jikook စုံတွဲလေး ကျန်သုံးတွဲနဲ့ အတူ 5th Anniversary တစ်ဖြစ်လဲ Dinner party သို့ သွားရောက်ရန် ပြင်ဆင်နေကြသည်....
" မောင်....ပီးပီလား...Hyung တို့နဲ့ ဟိုကောင်တွေစောင့်နေကြမယ်ကွ...မြန်မြန်လုပ်..."
" ဒါက ဘာဒီဇိုင်းလဲ Jeon Jimin ssi...အသက်ကသုံးဆယ်နားကပ်နေပီနော်...အရမ်းလှချင်မနေနဲ့...အပေါ်ထပ်လေး ထပ်ဝတ်အုံး....တော်ကြာမောင့်သဲပေါက်ဖွေးအုအုလေးကို ငမ်းနေကြမှ မကြီးမငယ်ရန်ဖြစ်နေရလိမ့်မယ်...."
" မောင်ကလဲ...ရာသီဥတုက နေလို့ကောင်းနေပါတယ်...မအေးပါဘူးမောင်ရဲ့..."
" မရဘူး...ဟိုနေ့ကမောင်ဝယ်လာခဲ့တဲ့ Coat အပါးလေးရှိတယ်မလား...အဲ့ဒါဒီနေ့ theme နဲ့လိုက်တယ်...ဝတ်ခဲ့နော် သဲပေါက်လေး...."
" ဟွန်း....ပီးရော...."
" စိတ်ဆိုးသွားရင် လာမောင်နမ်းပေးမယ်...ဆူထော်နေတဲ့ နှုတ်ခမ်းလေးကို...."
" မောင်မောင်လိပ်ကြီး..."
" လိပ်တွေက လောကကြီးမှာ အကြာကြီးနေနိုင်သလို မောင်ကလဲ သဲပေါက်လေးကို အကြာကြီး အများကြီး ချစ်အုံးမှာကွ....
" ဟွန်း...တော်ပီ....သွားကြမယ်...ချီ..."
Jungkook ထုံးစံမပျက် အိမ်အောက်ထပ်ပေါ်တီကိုထိ ပွေ့ချီခေါ်လာခဲ့တော့ ကလေးပေါက်လေးက တစ်ကမ္ဘာလုံးအပိုင်စားရထားတဲ့ မျက်နှာလေးနဲ့ မော်ကြွားကြွား....
" အဲ့လိုတွေကြောင့် သဲပေါက်က တုန်နေအောင်ချစ်ရတာ...အာဘွား...."
" သမာဓိတွေ စမ်းသပ်နေပြန်ပီကွာ...ဟိုကောင်တွေပွါးတာ ခံရအုံးမှာပဲ...."
ကားလေးက ပေါ်တီကိုအောက်ကတော်တော်နှင့် မထွက်သေးတော့ Maid တွေရော ခြံစောင့်ကြီးရော ဝင်ရမလိုလို ထွက်ရမလိုဖြင့် ကဲသဲမှုအပေါင်းက တကယ်မနိုင်....မှန်အမဲကြီးရော လိုက်ကာတွေရော ကာထားလို့သာ သူတို့ကဲသဲနေတာ မမြင်ရတာ...တစ်ကိုယ်တည်းသမားသာဆိုလျှင် သူတို့ကဲသဲနေမှုကြောင့် နေရာမှာတင် ထိုင်ငိုင်သွားနိုင်သည်....
ချိန်းဆိုထားရာ စားသောက်ဆိုင်ရောက်တော့ အရင်ရောက်နှင့်နေကြတဲ့ သူငယ်ချင်းတွေ အကိုတွေက အဆူခံလိုက်ရပြန်တော့ ကြက်ပေါက်မျက်စောင်းက ဒိန်းကနဲ...ခုတလော ဒီကလေးကို အလိုလိုက်ထားမိတာ Jungkook ထိန်းမနိုင်တော့....စပ်စလူးစိန် လက်လက်ထ သူငယ်ချင်းနှစ်ကောင်ကြောင့်လဲ ပါမည်....
YOU ARE READING
ဒို့နှစ်ယောက်ရဲ့အိမ်ကလေး
Romanceသံယောဇဉ်တွေကနေ အချစ်တွေဖြစ်သွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်အောင် ချစ်သွားကြတယ်....အချစ်အတွက် သူရဲကောင်းကြီးဖြစ်ဖို့ မလိုသလို အရှုံးသမားအဖြစ်လဲ မရှင်သန်သင့်ဘူး...အချစ်ဆိုတာ သူတစ်ယောက်ထဲရှိနေရုံနဲ့ ပီးပြည့်စုံနေတာမျိုး....