Part VII

891 70 0
                                    

အားလပ်ရက်လေးမှာ Jungkook အသေးလေးနားတစ်နေကုန်ကပ်မယ်ဆိုပီးတွေးထားသည့်အတွေးက လေထဲမှာပျောက်သည်...ရေချိုးပီးစ Bath robe ဝတ်ထားပေမယ့် အင်္ကျီလွတ်နေသည့် ပစ်မှားချင်စရာလေးများက စိန်ခေါ်နေတော့ နေရာကရွှေ့မရတော့.....သွားထိမိရင် ထပ်ခါထပ်ခါ ထိချင်ကိုင်ချင်သည့်စိတ်က တားမရဆီးမရ......

စောင့်ထိန်းယုယခဲ့သည့် ပန်းကလေး ညှိုးသွားမှာ မလိုလား၍ လက်ထပ်ပီးချိန်ထိ ထိန်းသိမ်းသင့်သည် မဟုတ်ပါလား.....အသားစားကျားတစ်ကောင်အတွက် ခုလိုယုယထိန်းသိမ်းရတာ ကြုံဖူးသည့်သူများသာ ကိုယ်ချင်းစာနိုင်မည်......

" ဒါဘယ်သွားမလို့လဲ...."

" Jin hyung မွေးနေ့ဖိတ်ထားတာသွားမလို့.....Yoongi hyung ခဏနေလာခေါ်မှာ....ခဏပဲသွားပီး ချက်ချင်းပြန်လာမယ်လေ...."

" ဘယ်သူက သွားခွင့်ပြုလို့လဲ....."

" ဟောဒီကမောင်ကလေ....."

Jungkook မေးဖျားလေးကို ပြုံးပြုံးကြီးကြည့်ပီးလာကိုက်တော့ တားနေတဲ့စကားတွေတောင် ထစ်သွားပီး အရာမထင်တော့....ဒီသေးသေးလေးက Jeon Jungkook ရဲ့ ပျော့ကွက်ကို ကောင်းကောင်းကြီးအသုံးချလိုက်လေပီ....

" မောင်ပါလိုက်မယ်...."

" ဘာလိုက်လုပ်မှာလဲ....ခင်တဲ့သူလဲ မပါပဲနဲ့....Yoongi hyungနဲ့လဲ တဇောင်းစေးနဲ့မျက်ချေးလိုလူက ဘာတွေဂျစ်နေတာတုန်း....Jeon Jungkook shi..."

" မောင်မလိုက်ရရင် သဲပေါက်ပါမသွားရအောင် တစ်ညလုံးကုတင်ပေါ်ကမဆင်းနိုင်အောင် အဆင့်တက်ပစ်မှာနော်....မောင်ခုချိန်ထိ ထိန်းသိမ်းထားတဲ့ သမာဓိတွေကို စမ်းသပ်နေတာလား သဲပေါက်လေး...."

" ဟိုး....ဟိုးထားနှာဘူးကြီး....ခုပါတီက အလွတ်ခံလို့မရဘူး.....လိုက်မယ်ဆိုလဲ လိုက်ကွာ...."

" ဘာ.....လူကိုများ နှာဘူး....ok.....နှာဘူးကြီးအကြောင်းကောင်းကောင်းသိမယ် သေးသေးလေး....."

" အား.....အမေရေ ကယ်ပါအုံးဗျ.....ဟီး....မောင်ကလဲ ချစ်လို့စတာကို....ဘွာတေးဘွာတေး...နော်...."

" မရတော့ဘူး....ခုမှတော့မရတော့ဘူး.....ပြေးနိုင်မှလွတ်မယ်နော် သဲပေါက်လေး....."

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now