Jimin အိမ်ကအရေးကြီးကိစ္စနှင့်ခေါ်၍ အခန်းမှာမွေးထားသော ခွေးလေးကို အစာကျွေးပေးရန် Jungkook ကို အကူညီတောင်းခဲ့ရသည်.....
" အဲ့....ပူတူးတူးလေး....ထူးထူးဆန်းဆန်း....ဘာကိတ်...."
" ငါဒီနေ့အခန်းပြန်မအိပ်ဖြစ်လို့....ငါ့Lucyလေးကို အစာလေးကျွေးပေးပါ့လားလို့...."
" ကိုကြီး ပူတူတူလေးအခန်းကိုရော Lucyကိုရော ကိုယ်ဖိရင်ဖိစောင့်ရှောက်ထားပေးမယ်....စိတ်ချ.....အစောကြီးရှိသေးတာသွားတော့မလို့လား....."
" အေး.....ငါစိတ်ချမယ်နော် Jungkook....."
" အင်းဘာ.....စိတ်ချလက်ချသွား...."
Jimin လဲ စိတ်ချလက်ချထားခဲ့၍ အိမ်ခဏပြန်လာခဲ့သည်.....သူပြန်လာတဲ့ချိန် အခန်းဇောက်ထိုးလုပ်မထားပါစေနဲ့ပဲ ဆုတောင်းနေရတော့မည်......
---------------
Jungkook လဲ ရေမိုးချိုးပီး အသစ်စက်စက်စော်လေးနဲ့ ဒိတ်မည်ဆိုပီး အပြတ်ရွှိုင်းနေသည်.....ဒီနေ့တော့ ဘာဘာညာညာအဆင့်ကျော်၍မရ.....လူပုစိတ်တို အသေးလေးရဲ့ အခန်းကို စောင့်ရှောက်ပေးရမည်မဟုတ်ပါလား.....တော်ပီလေ...Dinnerတူတူစားပီး ကိုယ့်လမ်းကိုယ်ပြန်ယုံပေါ့....ကားသော့ဆွဲပီး ကျော့ကော့နေသော အဆင်အပြင်နှင့် မွှေးကြိုင်နေသော အနံ့ပြေပြေအားလုံးခြုံငုံကြည့်ရင် တော်တော်ပြည့်စုံနေပီ.....ကောင်မလေးတွေကပဲ သူ့ကိုဆိုရူးကြသလား....သူကိုယ်တိုင်ကပဲ ဆွဲဆောင်မှုတို့ရဲ့ တိမ်းညွှတ်ရာဌာနေဖြစ်နေသလား မသဲကွဲရင်းနဲ့ပဲ ရည်းစားများမှန်းမသိ များခဲ့ရသည်.....သူကတော့ တည်ငြိမ်ချင်ပေမယ့် သူ့ကိုလာနွှယ်ကြသော မာယာတစ်သောင်းအားတွေကြောင့် သူကိုယ်တိုင်ပင် ရှုပ်ရှက်ခတ်နေရသည်.....
ခုလဲ စကပ်တိုတို ရင်ဟိုက်ဟိုက်ဆေးဆိုးပန်းရိုက်မျက်နှာလေးကို ရင်ခွင်ထဲက ဘယ်လိုမှဆွဲထုတ်မရ....Lucyကိုအစာကျွေးချိန်နီးလာပီ....
" ကလေး....ကိုယ်ပြန်ရတော့မယ်.....ခဏဖယ်ပေးအုံးနော်...."
" ကိုကကလေးကို နှင်ထုတ်တာပေါ့.....ဒီမှာထမင်းစားပီး ကို့အခန်းမှာ ကော်ဖီမတိုက်ချင်ဘူးလား....."
YOU ARE READING
ဒို့နှစ်ယောက်ရဲ့အိမ်ကလေး
Romanceသံယောဇဉ်တွေကနေ အချစ်တွေဖြစ်သွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်အောင် ချစ်သွားကြတယ်....အချစ်အတွက် သူရဲကောင်းကြီးဖြစ်ဖို့ မလိုသလို အရှုံးသမားအဖြစ်လဲ မရှင်သန်သင့်ဘူး...အချစ်ဆိုတာ သူတစ်ယောက်ထဲရှိနေရုံနဲ့ ပီးပြည့်စုံနေတာမျိုး....