Part 1

1.4K 92 5
                                    

Unicode

9.8.2021

Highway လမ်းမကြီးတစ်ခု

လယ်ကွင်းပြင်အနည်းငယ် အကျော်မှာ တည်ရှိတဲ့ ခြေတံရှည်အိမ်ကလေး.....

အနီးနား ရွာလေးတွေက ကလေးလေးတွေရဲ့ မူလတန်းကျောင်းလေးမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပေးနေတဲ့ ဆရာလေးရဲ့ နေအိမ်ဆိုလည်းမမှား။

ထိုအိမ်ကလေးက အဝေးပြေးကားလမ်းပေါ်က ကြည့်လျှင် လယ်ကွင်းထဲမှာ တည်ဆောက်ထားသလို သဘာဝဆန်ဆန်လေးနှင့် နေချင်စဖွယ်။

အုတ်ကြွပ်ဟုထင်ရသော နီညိုရင့်ရောင် အမိုလေးက ဘေးအကာ ပျဥ်လေးတွေနှင့်အရောင်ပနှံ့စွာ လှပတည်ရှိနေပြီး အိမ်ပတ်ချာလည်ကို ဝရန်တာလေးထည့်ထားခြင်းက တမူထူးဆန်းနေပြန်သည်။

လှေကားထစ်လေးတွေကအစ ကာကီရောင် ပျဥ်ချပ်လေးတွေကို သုံးထားပြီး တံခါးချပ်လေးတွေက ကနုတ် အနည်းငယ် ကွပ်ထားသည် အိမ်တစ်ခုလုံးတွင် သဘောကျစရာ အကောင်းဆုံးက ပြတင်းပေါက်လေးတွေ.......

အိမ်ရဲ့ ဘေးဘက်ဟုထင်ရသော ညာဘက်နှင့် ဘယ်ဘက်တွင် တဖက်ကို နှစ်ပေါက်စီ တည်ရှိပြီး ခန်းစီးလိုက်ကာ အပြာနုနုလေးတွေကိုပါလှပစွာ တပ်ဆင်ထားသည်။

အိမ်လေးကို ခါးလယ်ကျော်လောက်သာ ရှိမယ့် နီညိုရောင် ပျဥ်ချောင်းလေးတွေဖြင့် ခြံစည်းရိုးသဖွယ်ကာရံထားပြီး အိမ်အရှေ့ဘက်နှင့်အနောက်ဘက်တွင် သီးပင်စားပင်နှင့် ပန်းပင်လေးများ စနစ်တကျစိုက်ထားသည်မို့ Highwayလမ်းဘေးက အိမ်ကလေးဟာ အရမ်းကိုလှပတင့်တယ်ပြီး နေချင်စဖွယ်လေးဖြစ်နေသည်။ အဲ့ဒီအိမ်လေးကတော့ ဟုတ်ပါတယ် ကျွန်တော် ကင်ဂျောင်ဝူးရဲ့ နေအိမ်လေးပါ။

ဒီနေ့ပိတ်ရက်မို့ ကျွန်တော် မနက်အစော ထစရာ မလိုတာကြောင့် အိပ်ယာထဲ ပိုကွေးနေမိသည်။

ပြတင်းပေါက်မှန်မှာ မြင်နေရတဲ့ မိုးရေစက်လေးတွေကို စိုက်ကြည့်ရင်း ကျွန်တော် စောင်ပုံထဲက မထွက်ချင်တော့ စိတ်ထဲ ပိုအေးချမ်းသလို ခံစားမိတာကြောင့် လွတ်နေတဲ့ခြေထောက်လေးကို စောင်ထဲပိုကွေးလိုက်မိသည်။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now