Jaehyun သန့်စင်ခန်းက ပြန်လာတော့ အကိုဂျွန်နီ က အကအခန်းရှေ့က နံရံကိုမှီပြီးရပ်နေသည် ။
Jaehyun ဘာမှ မဖြစ်ဟန်ဆောင်ကာ အခန်းထဲဝင်ဖို့လုပ်တော့ အကို ဂျွန်နီက လက်ကိုပြန်ဖမ်းဆွဲထားသည်။
"ငါတို့အားလုံး မင်းကို ယုံတယ် JaeHyun အခု အခန်းထဲမှာ Jungwooပဲ ကျန်ခဲ့တော့တယ် မင်းပြေလည်အောင်ပြောပြပြီး အပေါ်ထပ်ကို ရအောင်ခေါ်လာခဲ့ "
ကျွန်တော်အကို Johnny ကို ကျေးဇူးတင်တဲ့မျက်လုံးများဖြင့်ကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ်ပြလိုက်သည်
"ဟုတ် ကျွန်တော် သေချာခေါ်ခဲ့ပါ့မယ်။ ယုံကြည်ပေးလို့ ကျေးဇူးလည်းတင်ပါတယ် အားလုံးကို"
Jaehyun အခန်းတံခါးဖွင့်ပြီး ဝင်လာတော့ နံရံထောင့်နားကပ်နေတဲ့ အကောင်ပေါက်လေးဟာ မျက်လုံးလေးတွေ မို့အစ်ပြီး နှာထိပ်လေးတွေတောင် နီနေသေးသည်။ ငိုလိုက်တော့ သူလဲနဲနဲသက်သာသွားမည်ထင်သည်။
Jaehyun အခန်းတံခါး ပြန်ပိတ်လိုက်ပြီး ဂျောင်ဝူးဘေးနားအထိ ကပ်ထိုင်လိုက်သည်။ ဖုန်းကိုင်ထားတဲ့လက်လေးကို ကိုင်ပြီး ဖုန်းကိုဆွဲထုတ်တော့ အလိုက်သင့် လွှတ်ပေးသည် ။
"အရမ်းငိုထားတာ ခေါင်းကိုက်တော့မှာပဲ ထပ်မငိုနဲ့တော့ ကလေးရာ ကိုယ်ရင်တွေနာလွန်းလို့"
" ငါ့ဖုန်းပြန်ပေး "
ခပ်ဖျော့ဖျော့နဲ့ပြောပြီး လက်ထဲက ဖုန်းကိုပြန်ယူကာ ထ သွားဖို့ လုပ်နေတဲ့ ကောင်လေးကို Jaehyun လက်ကနေ အတင်းပြန်ဆွဲချလိုက်တော့ သူ့ပေါင်ပေါ် အလိုက်သင့်ရောက်လာတဲ့ ကိုယ်နွေးနွေးလေး ။
ရုန်းနေတာကြောင့် တင်းနေအောင် ဖက်ထားလိုက်ပြီး
"တောင်းပန်ပါတယ်"ဆိုတဲ့စကားတစ်ခွန်းကိုသာ ထပ်ကာတလဲလဲ ပြောနေမိသည်။သူ့ရင်ခွင်ထဲ ငြိမ်ကျသွားတဲ့ ကလေးလေးဟာ တအီအီနဲ့ထပ်ငိုနေတော့သည်။
"ကလေးလည်း သိတာပဲမို့လား ကိုယ်က ဒီလိုလူမဟုတ်ဖူးဆိုတာ ဘာလို့အရမ်းတွေငိုနေရတာလည်းကွာ ကိုယ်ရင်တွေနာလိုက်တာ"
"မင်း......အစ်....မင်း....ပြောတော့ ငါ့တစ်ယောက်တည်းကို.... ချစ်...တာ...ဆို....ပြီး "
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။