Unicode
"Jae အခုဘယ်လိုဆက်လုပ်ကြမှာလဲ"
မန်နေဂျာအကို အပြင် လေ့ကျင့်ခန်းထဲမှာ Member အားလုံးကစိတ်ပျက်လက်ပျက်ထိုင်နေကြခြင်းဖြစ်သည် ။
Jaehyun ကတော့ ကာယကံရှင်မို့ ပိုပြီး စိတ်ထိခိုက်နေပုံ
"ကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူး အကို"
အက်ရှရှ Jaehyun စကားက တကယ်ကို ဝမ်းနည်းနေပြီး စိတ်ကုန်နေသည့် ပုံစံမျိုး
လွန်ခဲ့တဲ့ တစ်ပါတ်အထိ City Kpop group ကထိပ်ဆုံးအထိ အောင်မြင်ကျော်ကြားနေခဲ့သေးသည်။
ဒီနေ့ရဲ့ မနက်ခင်းမှာတော့ Jaehyunရဲ့ Dating News ဆိုတဲ့ ကောလဟာလ သတင်းဟာ တစ်ကမ္ဘာလုံးကိုဖုံးလွှမ်းသွားခဲ့ပြီး SM entertainment တစ်ခုလုံး ယောက်ယက်ခပ်ကုန်သည်။
အခုတော့ မန်နေဂျာအကိုက တစ်ဖွဲ့လုံးခေါ်ပြီး ဆွေးနွေးနေခြင်း။
"လောလောဆယ်တော့ Jae ကိုခန အနားယူပြီးသေချာစဥ်းစားစေချင်တယ် ဒါမှအဖွဲ့အတွက်ရော မင်းအတွက်ရော အဆင်ပြေလိမ့်မယ် "
Jae ကတော့ခေါင်းသာ အသာငြိမ့်ပြပြီး အံကိုတင်းနေအောင်ကြိတ်ထားသည်။
မန်နေဂျာအကို ပြောပုံအရဆိုရင် Jaeက ဒီရက်တွေမှာ အဖွဲ့လှုပ်ရှားမှုတွေ မပါရတော့မယ့်ပုံပါပဲ
"ကျွန်တော်တို့က အဆင်ပြေတယ် အကို"
ထယ်ယုံးက ငြိမ်နေရာမှ Jae ကို မနားစေချင်တာကြောင့် မန်နေဂျာအကို ကို ထပြောလိုက်သည်။
Jaeအပြင် Memberအားလုံးက မန်နေဂျာအကို ကို အားကိုးတကြီး ကြည့်နေကြသည် ။
"မဖြစ်ဘူး ထယ်ယုံး ဒီကိစ္စက ဖြေရှင်းမပြီးမချင်း ပိုပြီးဆက်နွယ်လာမှာ တစ်လ နှစ်လလောက်ပဲ သည်းခံပေးကြပါ အကိုတို့ ရအောင်ဖြေရှင်းပေးမှာမို့လို့ အားလုံးလည်း နားလည်မယ်လို့ထင်ပါတယ် "
အခန်းရဲ့ နံရံထောင့်လေးနားမှီနေတဲ့ Jungwooလေးဟာ ဘာခံစားချက်မှမရှိသလို
ငြိမ်ငြိမ်လေးသာ ထိုင်နေသည်။အမှန်ဆိုလျှင် သူငိုလိုက်တာ ထပေါက်ကွဲလိုက်တာမျိုးလုပ်လိုက်ရင်တောင် အားလုံးအတွက် ခံသာဦးမည်ဖြစ်သည် ။
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။