Unicode
Jungwoo နိုးလာတော့ ဆေးရုံခန်းထဲက ကုတင်ပေါ်မှာပဲ ။ သူဖြည်းဖြည်းချင်း မျက်လုံးကိုဖွင့်ကြည့်တော့ ဆေးရုံမျက်နှာကျက် အပြင် ဆေးပုလင်းတွေပေါင်းဆုံချိတ်ထားတဲ့ စင်လေးက ပိုက်တွေက သူ့လက်ဖျံကြောတွေဆီကို ဆက်သွယ်ထားတယ်။
ပြီးတော့ သူ့ကုတင်ဘေးကို ဖြည်းဖြည်းချင်းလှည့်ကြည့်တော့ Yuta Hyg က သူ့ကိုငေးငေးလေးကြည့်နေတယ်။
Yuta ပုံစံက ဆူချင်ပေမယ့်မဆူရက်တဲ့ကလေးလိုမျိုး Jungwooကို ငေးငေးလေးပဲ ကြည့်နေတာ ။
Jungwoo က စကားပြောချင်ပေမယ့် သူ့နှတ်ခမ်းတွေက ဟ'လို့တောင်မရဘူး။ ဖြည်းဖြည်းချင်းအားယူပြီး ပြောဖို့ကြိုးစားပေမယ့် သူ့အသံတွေငလည်ချောင်းထဲမှာတင် တစ်နေတယ်။
"Jungwoo သတိရလာပြီ"
သူ့ကိုငေးရင်း Yuta Hyg က ခပ်အေးအေးလေးဖုန်းပြောနေတာ။ ဖုန်းပြောပြီးတော့ အကိုYutaက ကျွန်တော့်ကို ပုံလေးတစ်ပုံထုတ်ပြတယ်။
အကို Yuta ပြတဲ့ပုံကို ကြည့်ပြီး ကျွန်တော်ခြောက်ကပ်ကပ်နဲ့ ပြုံးလိုက်မိတယ် ။
Jaehyun hyun ဆိုတဲ့လူသားက ကျွန်တော့်ကို ခေါင်းမာတယ်လို့ ပြောပြီး သူကတကယ်ပိုခေါင်းမာတယ်။ သူ အဲ့ဒီအမျိုးသမီးကို လက်ထပ်လိုက်တယ်တဲ့။ ဓာတ်ပုံထဲမှာ သူ့ပါးချိုင့်တွေ နစ်ဝင်တဲ့အထိပြုံးနေခဲ့တယ်။
"ကျွန်တော် သတိမေ့နေတာ ဘယ်နရက်လောက်ရှိပြီလဲYuta hyung''
''၃၈ ရက်ရှိပြီ Jungwoo''
Yuta hyg က ဘာဆက်ပြောရမှန်းမသိသလို ကျွန်တော့်လက်ဖျားလေးတွေကို လှမ်းပြီး ဆုပ်ကိုင်တယ်။
"Hyg ရဲ့ ညီလေးက သန်မာပါတယ်။ ဟုတ်တယ်မလား။ နောက်ဘယ်တော့မှ အထိခိုက်မခံတော့ဘူး။
hyg က ကာကွယ်ပေးမှာမို့လို့"" အနားမှာ အတူရှိနေပေးလို့ ကျေးဇူးတင်ပါတယ် Hyg''
Yuta hyg က မျက်ရည်တွေ ကျလုဆဲဆဲ ဖြစ်နေတာကို ခေါင်းမော့ရင်း မမြင်အောင် ဘေးဘက်လှည့်လိုက်တယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေက တုန်လာတာကိုလဲ ကျွန်တော်ခံစားမိတယ်။
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။