Part 11

494 59 2
                                    

'' Hyg...........တို့ ထမင်းစားမယ်"

မနက်အစောကြီး အငယ်ဆုံးလေး ဟယ်ချန်းရဲ့ အသံချိုချို​လေးက Dromထဲ ရှိတဲ့သူအားလုံး ကြားဖို့ လုံလောက်ပါတယ်။

လက်မောင်းပေါ် ခေါင်းအုံးအိပ်နေတဲ့ Jungwooလဲ မျက်လုံးလေးတွေ ​အားစိုက်ဖွင့်နေတာကို ကျွန်တော်တယုတယ ငေးကြည့်နေမိသည် ။

စောင်လွတ်သွားလို့ ပေါ်လာတဲ့ ပုခုံးသားလေးတွေမှာ ကျွန်​တော်ပေးထားတဲ့ အမှတ်တရ အချို့က တကယ်လှလှပပ။ Jungwooက စောင်လေးကို ရင်ဘတ်ထိလုံအောင်ပြန်ဆွဲခြုံလိုက်ပြီး ကျွန်တော့်ကိုပါ မျက်စောင်းလေးနဲ့ ခဲသေးသည်။

"ရေအတူချိုးမလား "

ကျွန်တော် ခပ်နောက်နောက် မေးတော့ မျက်စောင်းလေးအပြင် နီရဲနေတဲ့ ပါးပြင်လေးနဲ့ ကောင်လေးက ကျွန်တော့်ရဲ့ လက်မောင်းကို ဖတ်ခနဲလာရိုက်သည်။

"ခင်ဗျားက တကယ် အရူး "

လူကိုပြောပြီး စောင်ထဲပြန်ကွေးသွားတဲ့ ပုဇွန်ထုပ်လေးကို JaeHyun အားရှိသမျှနဲ့ နောက်ကနေ ဆွဲဖက်ထားလိုက်သည်။

"ချစ်တယ် "

ကောင်လေးကို Jaehyunဖက်ထားရင်း ပြောတော့ သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျဖြစ်နေတဲ့ ကောင်လေးက ပြုံးရွှင်စွာ သူရောချစ်တယ်ဆိုတဲ့ အကြောင်းကို ပြန်ပြောသည်။

"ကျွန်တော်ရောပဲ"

ဒီတစ်ခါ အနမ်းကိုတော့ Jaehyun ဦးဆောင်လိုက်ရင်း.........

- - - - - - - - - - - - - - - - - - - - -

ထမင်းစားဝိုင်း ရောက်တော့ အားလုံးက ပြုံးစိပြုံးစိနဲ့ ဖြစ်နေတာကြောင့် နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ပင် မကြည့်ရဲ..။

Jaehyun ကပဲ အားလုံးကို ပြန်ပြုံးပြပြီး ဝင်ထိုင်လိုက်ကာ ထမင်းစားဖို့ တူကို ကိုင်တော့ အလိုက်မသိ Markeuအသံက စထွက်လာတော့သည်။

"Jungwoo Hyg က အခန်းထဲ ဒီလောက်ပူနေတာ ဘာလို့ လည်ပိတ်ကြီး ဝတ်ထားတာလဲ မပူဘူးလား "

Jaehyunလက်ထဲက ကိုင်ထားတဲ့ တူနဲ့သာ ရှေ့ကမျက်လုံးဝိုင်းဝိုင်းနဲ့မေးနေတဲ့markeuကို ခေါက်ထည့်လိုက်ချင်သည်။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now