Part 16

314 40 4
                                    

"ကျွန်တော်အခု Hyg တိုက်ခန်းမှာ ခနလိုက်နေမယ်"

ကားနောက်ခန်းက Jaehyun ပြောစကားကို ကားမောင်းတဲ့နေရာက မန်နေဂျာအကိုက ဘာမှမပြောပဲ နောက်မှန်ကတဆင့် သူ့ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

ပြီးတော့ ကြိုးစားပြီး နားချကြည့်ဖို့ လှည့်လိုက်ပေမယ့် Jaehyunက မျက်လုံးတွေစုံမှိတ်ပြီး နောက်မှီကို မှီထားတယ် ။

" Hyg ကျွန်တော် တစ်ခုကို စွန့်လွှတ်လိုက်မှ ဖြစ်မယ်။ အဲ့တာကြောင့်ကျွန်တော့်ကို Hygနားလည်ပေးပါ"

"မင်း Jungwooကို မသနားဘူးလားJaehyun  သူက မင်းကိုသိပ်ချစ်တဲ့ ကလေး လေ။ "

"ကျွန်တော့်ကြောင့် သူ့ဘဝကို မနစ်မွန်းစေချင်ဘူးHyg။ အချိန်တွေက ကုစားသွားလိမ့်မယ်။ ခနလောက်ပဲ Hygသူခနလောက်ပဲ ပင်ပန်းပြီး ကြာရင်ကျွန်တော့်ကို မေ့သွားမှာပါ "

"မင်းတွေးနေတာက မဟုတ်သေးဘူး Jaehyun "

"ကျွန်တော်တွေးနေတာက မှန်တယ် Hyg။Jungwooက သူ့ဘဝသူ နစ်မြှပ်အောင် တမင်လုပ်နေတာ မြင်လား။ အခုတောင် သူ့ဘဝသူပုံအပ်ပြီး ကျွန်တော့်အတွက် ပေးဆပ်နေတာလေ။ ကျွန်တော်က အဲ့တာကို ဘယ်လိုစိတ်မျိုးနဲ့ လက်ခံပြီးနေရမလဲ ။"

"မင်း လုပ်နေတာတွေကိုရော ဂျောင်ဝူးကဘယ်လိုလက်ခံမလဲ မင်းစဥ်းစားကြည့်အုံး Jaehyunရယ်"

"မနက်ဖြန် ကျွန်တော် စီစဥ်ထားတာကို လုပ်မှဖြစ်မယ်"

" မင်းက တကယ်ပဲ Jungwoo ကိုမငဲ့ဘူး Jaehyun"

"မနက်ဖြန်တစ်ရက်လေးပါပဲ လေဆိပ်လိုက်ပို့ပေးပြီးရင်Hyg ကျွန်တော့်ကို ထပ်မပတ်သက်ချင်ရင်လဲရပါပြီ"

Jaehyun ကိုယ်တိုင်လဲ ချပြီးသားဆုံးဖြတ်ချက်ကိုဆက်လုပ်လိုက်ဖို့။ Jungwooကို ဒီအတိုင်းလေးရှိနေစေချင်လို့။ မဖြစ်နိုင်တဲ့ ​ဖြစ်တည်မှုတွေကိုအဆုံးသတ်ဖို့ သူကိုယ်တိုင်က ဆုံးဖြတ်ချက်ချလိုက်တာ ။

နိုင်ငံခြားက အဒေါ်သဘောတူစေ့စပ်ထားတဲ့အမျိုးသမီးကို လက်ထပ်မယ်ပြီးရင် သူ့ကိုသိပ်တွယ်တာတဲ့ကောင်လေးက သူ့ကိုနာကျည်းမုန်းတီးလိမ့်မယ်။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now