Unicode
အကတိုက်နေတဲ့ တစ်လျှောက်လုံးလဲJungwoo စိတ်ထဲမှာ
လေလံနေခဲ့ပြီး အခုအကတိုက်ပြီးအပေါ်ထပ်ကိုပြန်ရောက်တဲ့အထိ သူ့စိတ်ထဲမှာ တစ်ခုခုက လေးလံနေသေးသလိုမျိုး။အခန်းထဲဝင်ခါနီး နောက်ကနေ ပခုံးကိုလာပုတ်တာကြောင့် Jungwooလှည့်ကြည့်လိုက်တော့ Johnny hyg ဖြစ်နေသည်။
" Jaehyun ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦး"
Jungwoo ပင်ပန်းနေပြီ ဖြစ်တာကြောင့် ခေါင်းသာ အသာငြိမ့်ပြလိုက်သည်။
အခန်းထဲရောက်မှ ကုတင်ဘေးက ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ဖုန်းထုတ်ကြည့်တော့ ၁၂နာရီတောင်ခွဲတော့မည်။ ထိပ်ဆုံးက မြင်နေရတဲ့ ဖုန်းနံပတ်လေးကို နှိပ်လိုက်တော့ ဖုန်းဝင်နေပေမယ့် ဖုန်းမကိုင်။
သုံးခါခေါ်တာတောင် မကိုင်တဲ့ ဖုန်းကြောင့် Jungwooစိတ်ရှုပ်နေတဲ့ ကိစ္စတွေနဲ့ရောကာ ပိုစိတ်တိုလာပြီး ဖုန်းကို နံရံဆီ ပိတ်ပေါက်ထည့်ပစ်လိုက်သည်။
စိတ်သက်သာအောင် ရေချိုးခန်းထဲဝင်ပြီး ရေပန်းအောက်မှာ ထိုင်နေလိုက်ပေမယ့် ရင်ထဲကပူလောင်မှုတွေကလျော့ကျမသွားပါ အခုအရာအားလုံးကို လွှတ်ချပစ်လိုက်ချင်သည်။
________|if we go far|______
"ထမင်းစားကြရအောင်Jungwooရော "
Taeil ကထမင်းစားပွဲဝိုင်းမှ စုံနေတဲ့ သူတွေကြားထဲမှJungwooကို မတွေ့လို့ မေးလိုက်သည်။
"ဒီအချိန်ဆိုရင် သူ့ကောင်လေးနဲ့ ဖုန်းပြောနေမှာပေါ့"
Johnnyက Taeilအမေးကို ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေတော့ဟယ်ချန်းကပါပြုံးစိစိလေးဖြစ်နေသည်။
ပြောနေရင်း အရှေ့ပေါက်က ပြေးဝင်လာတဲ့Taeyongက လွယ်အိတ်ကို ပစ်ချကာ ခပ်သုတ်သုတ် ပြေးဝင်လာတာကြောင့် Johnny လျှောက်လမ်းဘက်ကနေ လှမ်းကြည့်တော့ Jungwooအခန်းထဲကို Taeyongက အလောတကြီးပြေးဝင်သွားသည်။
"ဘာဖြစ်တာလဲ မသိဘူး "
Johnnyလက်ထဲက တူကို စားပွဲပေါ်ချကာ Taeyong ဝင်သွားတဲ့ အခန်းထဲကို လိုက်ပြေးဝင်လာတော့ ရေချိုးခန်းတံခါးကို ထုရိုက်နေတဲ့ Taeyongကို တွေ့လိုက်ရသည်။
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။