Unicode
တစ်နှစ်ခန့်ကြာသော်....အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာသလို ကျွန်တော်တို့အားလုံးရဲ့ သံယောဇဥ်တွေဟာလည်း ပိုမိုခိုင်မာလာကြသည်။
ကျွန်တော်တို့ ပုံမှန် Training ကာလတွေ ပြီးဆုံးအောင်အထိ လေ့ကျင့်ကြရင်း အတူပင်ပန်းခဲ့ကြတယ်။အတူငိုခဲ့ကြတယ်။ အတူပျော်ရွှင်ခဲ့ကြတယ်။
Jae နဲ့ ကျွန်တော်ကလည်း သူငယ်ချင်းတွေ ညီအကိုတွေလိုပါပဲ ဒါပေမယ့် Jae က တစ်ခါတလေ ကျွန်တော့်ကို ကော်ဖီတစ်ခွက် ပိုဝယ်ပေးတာတွေအစ ဂရုတစိုက် လုပ်ပေးနေတာပါ ။
ကုန်လွန်ခဲ့တဲ့အချိန်တွေ တစ်နှစ်တင်းတင်း ပြည့်တဲ့အခါ ကျွန်တော်တို့ဟာ City ဆိုတဲ့ Group တစ်ခုအနေနဲ့ ပွဲဦးထွက်ခဲ့ပြီး Korea နိုင်ငံမှာ အကျော်ကြားဆုံး အဖွဲ့တစ်ခုဖြစ်ခဲ့သည်။
ပထမဦးဆုံး စင်ပေါ်တက်ခါနီး စိတ်လှုပ်ရှားနေတဲ့ကျွန်တော့်ကို Jae ကသူ့လက်နွေးနွေးတွေနဲ့ ကျွန်တော့်လက်အေးစက်စက်လေးတွေကို ဆုပ်ကိုင်ပြီး "အဆင်ပြေသွားမှာပါ " လို့ စိတ်ပြေအောင်ဖြေသိမ့်ပေးခဲ့တယ် ။
စိတ်လှုပ်ရှားလွန်းလို့ ကျလာတဲ့မျက်ရည်တွေကိုကိုယ်တိုင်သုတ်ပေးခွင့်မရပေမယ့် မျက်ရည်သုတ်ရမယ့် တစ်ရှူးစက္ကူလေးတွေကိုတော့ ဂရုတစိုက် ကျွန်တော့်လက်ထဲ ထည့်ပေးခဲ့သေးတယ်။
အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကျွန်တော်တို့ Gp ရဲ့ပွဲဦးထွက် သီချင်းက တစ်ကမ္ဘာလုံးကိုပါ ကျော်ကြားစေခဲ့တယ်။
အားလုံး စင်နောက်ဘက်မှာ အမောတွေဖြေ ဂုဏ်တွေယူ တစ်ယောက်တစ်လှည့် ဖက်နေကြတုန်း မန်နေဂျာအကိုက တစ်ခုခုပြောဖို့ရောက်လာတယ်။
"အားလုံးပဲ တာဝန်ကျေပါတယ် ဒီည ဂုဏ်ပြုပွဲလုပ်မယ် "
မန်နေဂျာအကိုပြောပြီးတာနဲ့ ကျွန်တော်တို့အဖွဲ့အပြင် Staffတွေပါ ထခုန်မတတ် ပျော်သွားကြတယ်။ မဟုတ်ရင်တောင် ဒီရက်တွေမှာ အရမ်းပင်ပန်းခဲ့ကြတယ်မဟုတ်လား ။
အကုန်လုံး VIP ပေါက်က ထွက်လိုက်ပြီး
ကိုယ်လိုက်ရမယ့် ကားတွေစီ တက်လိုက်ကြတယ်။
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။