Part-14

296 46 4
                                    

"Jungwoo စိတ်အေးအေးထား အဆင်သင့်ပြင်ထားတော့ Haechan ပြီးရင်မင်းအလှည့်ပဲ"

မန်နေဂျာအကိုပြောသည်ကို Jungwoo လက်ထဲက Lyrics စာရွက်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ခေါင်းငြိမ့်ပြသည်။

စင်အနောက်ဘက်မှာ Makeup artist တွေရော staffတွေရော ရှုပ်ထွေးနေပြီး Haechan က စင်ပေါ်မှာ Solo ဖျော်ဖြေနေသည်။

concert ပွဲအကြီးဖြစ်တာကြောင့်အမှားမရှိအောင်ဂရုစိုက်ကြရင်း ဒီတစ်ခါအလှည့်ကျမယ့်သူကအားလုံးစိုးရိမ်ထားတဲ့ Jungwoo ဖြစ်နေသည်။

Jungwooကိုယ်တိုင်လဲ ဆေးရုံကဆင်းပြီးထဲကအနားယူလိုက် လေ့ကျင့်ရေးတွေမှာလဲသိပ်မပါလိုက်နဲ့မို့လို့သူ့ကိုယ်သူစိတ်ပူသည်။

အတတ်နိုင်ဆုံးအသက်သာဆုံးဖြစ်တဲ့သီချင်းကိုရွေးပေးပြီးဖျော်ဖြေရမှာမို့လို့နဲနဲတော်သေးသည်။

တခြားသူတွေက အကနဲ့တွဲပြီးဖျော်ဖြေရမှာပေမယ့် ေဂျာင်ဝူးကတော့ ကျန်းမာရေးအခြေအနေကြေညာထားတာကြောင့် သီချင်းတစ်ပုဒ်သာဖျော်ဖြေမည်။

Comeback album ကလဲထွက်ထားတာမကြာသေးတာမို့သီချင်းအသစ်ဖျော်ဖြေရေးတွေမှာတော့ Jungwoo က ဘေးကထိုင်ပြီးဖျော်ဖြေရမှာမို့လို့တော်သေးသည်။

"Haechan ပြီးပြီ Jungwoo တက်တော့"

ဘေးက Staff ကပြောတာကြောင့် ​Jungwoo ခေါင်းအသာငြိမ့်ကာ စင်ပေါ် Auto တင်ပေးမယ့် ကြမ်းပြင်လေးပေါ် မတ်တပ်ရပ်ရင်း ရင်ခုန်စွာစင်ပေါ်သို့ဖြည်းဖြည်းချင်းတက်သွားသည်။

စင်ပေါ်ရောက်တာနဲ့စက်က auto ရပ်သွားတာ​ကြောင့် Jungwoo စင်အလည်က Stan mic လေးစီ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

တစ်ကိုယ်လုံး Suit အဖြူရောင်ဖြင့်ဆင်ပေးထားသော Jungwoo ကို စလိုက်မီးရောင်ဖြင့်ထိုးချပေးလိုက်တာကိုမြင်သည်နှင့် ပရိတ်သတ်များက အသံပေါင်းစုံဖြင့် အော်ရင်း light stickများခါရမ်းကာအားပေးနေကြသည်။

"Kim Jung Woo! ''

"Kim Jung Woo! ''

"Kim Jung Woo! ''

အသံတွေကြားထဲမှဖြည်းငြင်းစွာထွက်ပေါ်လာတဲ့ Jungwoo နဲ့အသံချိုချိုလေးနဲ့အတူ တီးလုံးသံငြိမ့်ငြိမ့်လေးက တစ်ပြိုင်တည်းထွက်ပေါ်လာတာကြောင့်။အော်နေတဲ့ပရိတ်သတ်များကလည်း တဖန်ပြန်တိတ်ဆိတ်သွားရင်း ls ဖြည်းညင်းစွာလှုပ်ရမ်းပြီး ငြိမ်ငြိမ်လေး လေးတွေနားထောင်နေကြသည်။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now