အရင်ဦးဆုံး Jungwoo နဲ့ Jaehyun က concert လုပ်တဲ့ခန်းမနဲ့ အနီးဆုံးကားမှတ်တိုင်ကို လက်တွဲရင်းအတူပြေးထွက်လာခဲ့ကြတယ်။
Jungwoo က အနီးနားက အမှိုက်ပုံးလေးထဲကို သူ့လည်ပင်းမှာဆွဲထားတဲ့ ကဒ်လေးပစ်ထည့်ခဲ့သည်။ပြီးတော့Jaehyun ရဲ့လက်ချောင်းလေးတွေနဲ့သူလက်ချောင်းလေးတွေကိုတွယ်ယှက်ရင်းဆုပ်ကိုင်ထားသေးသည် ။
"ကိုယ်တို့ဘယ်သွားကြမလဲ မင်းဘယ်သွားချင်လဲ"
နားထင်နားလေး တိုးတိုးကပ်မေးတော့ ကျွန်တော့်လက်မောင်းကို ခပ်နာနာလေးတစ်ချက်ရိုက်ပြီး ကျွန်တော်နည်းတူ ကျွန်တော့်နားအနားကို Jungwooက တိုးတိုးလေးကပ်ကာ ပြောလိုက်သည်ကြောင့်ကျွန်တော် ပြုံးလိုက်မိသည်။
"ကစားကွင်းသွားရအောင်"
"လူတွေမိသွားရင် ဘယ်လိုလုပ်မလဲ"
"ထွက်ပြေးကြမယ်လေ"
တစ်ယောက်တစ်လှည့်စီ တိုးတိုးလေးတွေပြောနေရာမှ Bus ကားတစ်စီးက လာရပ်ပြီ ဖြစ်တာကြောင့် Jaehyun Jungwoo ရဲ့လက်လေးတွေကိုဆုပ်ကိုင်လိုက်ကာ ကားပေါ်တက်လာလိုက်ပြီး ပိုက်ဆံအိပ်ထဲကငွေစက္ကူလေးလေးကို Bus ကားခထည့်တဲ့နေရာထည့်လိုက်သည်။
ကားထဲမှာ လူများတာကြောင့် သူနဲ့ Jungwooကနီးနီးကပ်ကပ် အနေအထားလေးတွေ ဖြစ်နေတဲ့အပြင် မျက်နှာချင်းဆိုင်ဖြစ်နေပြီး လှည့်မရပြုမရ ဖြစ်နေတာကြောင့်Jaehyun အခွင့်အရေးယူကာ Jungwooရဲ့ ခါးသေးသေးလေးတွေကို အနီးဆုံးထိရောက်အောင် ဆွဲကပ်ထားလိုက်သည်။
"ကျွန်တော် အကို့ရင်ခွင်ထဲမှာရှိနေရတဲ့ အချိန်က အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးပဲ"
ရင်ခွင်ထဲကနေ ပါးလေးရင်ဘတ်ပေါ်အပ်ကာ ခပ်တိုးတိုးလေး ပြောနေတဲ့ Jungwooက Mask ဘေးကနေ တစွန်းတစမြင်နေရတဲ့ ပါးအို့နီနီလေးတွေနဲ့သိပ်ကိုချစ်စရာကောင်းနေသည်။
" ဒီနေ့ မင်းသိပ်ကိုချစ်စရာကောင်းနေတာပဲ "
" ကျွန်တော်က အခါတိုင်းလည်း ချစ်စရာကောင်းပါတယ် ခင်ဗျားကမကြည့်လို့ မသိတာပါ"
"ကိုယ့်ကို ဘာလို့စိတ်မဆိုးတာလည်း"
"အမှန်တိုင်းပြောရရင် ကျွန်တော်အခုလုပ်နေတာတွေက မှားလား မှန်လား မသေခြာဘူး "
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။