ကျွန်မမေမေ၏မိခင် အပိုင်း၁

1.1K 47 1
                                    

...

ရာစုနှစ်တိုင်း ရာစုနှစ်တိုင်းအရာရာဟာပြောင်းလဲလျက်ရှိ၏။လူ့ဘဝနေထိုင်မူ..စားသောက်ရေး. .ပညာရေး..လူမူရေး များလည်းအမျိုးမျိုးပြောင်းလဲလာတတ်သကဲ့သို့ စီးပွားရေးသည်လည်းအရာရာတိုင်းထက်အချက်အချာကျကျပြောင်းလဲသထက်ပြောင်းလဲသလိုစီးပွားရေးပညာရှင်များမှာလည်းသူ့ထက်ငါအသာပိုင်ဆိုင်နေကြသည်။

''ဟေ့..ကိုထွန်းတောက် ညနေဆိုင်လာဖို့မမေ့နဲ့အုံးနော်"

''လာရမှာပေါ့ဗျာ..ဘော်ဒါအချင်းချင်းတွေပဲ"

ထွန်းတောက် ဆိုသောအသက်လေးဆယ်ကျော်အရွယ် ထိုလူမှာရန်ကုန်မြို့တွင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်လွန်စွာနာမည်ရနေသောစီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ဇနီးဖြစ်သူဒေါ်နှင်းဆီမှာလည်းအလွန်နားလည်မူရှိသောနွေးထွေးကြင်နာတတ်သောအိမ်ရှင်မကောင်းတစ်ယောက်ဖြစ်၏။သူတို့ဇနီးမောင်နှံနှစ်ဦးတွင်လိမ်မာသိတတ်လွန်းသော တစ်ဦးတည်းသောသမီးအလှရတနာလေး ထိပ်ထား ဆိုသောသမီးလေးတစ်ယောက်ရှိသည်။

''ထားထား...ညနေ ငါတို့မေမေဆိုင်မှာမိတ်ဆုံစားပွဲမှာတဲ့နင်မလိုက်ခဲ့ပဲမနေနဲ့နော်

''အေးပါ..နီလာရယ်"

နီလာ နှင့် ထိပ်ထား တို့မှာအသက်အရွယ်လည်းသိပ်မခြားပါ။ငယ်ငယ်ထဲကအိမ်နီးချင်းအချစ်ဆုံးငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြ၏။တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်မြင်ပြီးမိဘများကနိုင်ငံခြားသွားခိုင်းကြသော်လည်းငြင်းဆန်ပြီမြန်မာနိုင်ငံတွင်သာတက္ကသိုလ်တတ်ရောက်ကြသည့် အင်္ဂလိပ်အထူးပြုနှောက်ဆုံးနှစ်ကျောင်းသူနှစ်ယောက်ဖြစ်သည်။

''မေကြီးရေသမီးသွားဖို့အဆင်သင့်ဖြစ်နေပြီ

''အေအေလာပြီသမီးရေ"

''ဟ..ငါ့မိန်းမနှင့်သမီးကအလှချင်းပြိုင်နေကြပါလားကွ"

''ဖေဖေကလည်းအပိုတွေလျှောက်ပြောမနေနဲ့"

ကားအနီရောင်အကောင်းစားကြီးကိုမောင်းနှင်ပြီး ဦးထွန်းတောက်တစ်ယောက်မိတ်ဆုံစားပွဲသို့သွားလေသည်။

ကျွန်မမေမေ၏မိခင်(completed) Место, где живут истории. Откройте их для себя