ကျွန်မမေမေ၏မိခင် အပိုင်း၁၂

111 20 1
                                    

သဇင် ၏ပြိုင်ပွဲရက်မနက်အစောတွင် ထိပ်ထား  နီလာ နှင့် ခရေ တို့ရောက်လာကြသည်..

''ပြိုင်ပွဲမဝင်ခင်ကလေးကိုပေးမတွေ့ပေးဘူးတဲ့

''ဟုတ်လား အေးပေါ့ကလေးစိတ်တွေတစ်ခုခုလွဲကုန်မှာစိုးလို့နေမှာပေါ့.

''လာ...ဟိုနာကထိုင်ခုံတွေမှာထိုင်ကြရအောင်

မင်္ဂလာ ၏ပြောစကားအရ သဇင် နှင့်ပြိုင်ပွဲမဝင်ခင်တွေ့ခွင့်မရှိနိုင်ပါ...မိနစ်ပိုင်းမကြာမှီပင်ပြိုင်ပွဲစတင်တော့သည်..

''ယနေ့ဖိုင်နယ်ပြိုင်ပွဲမှာတော့ရန်ကုန်တိုင်းကိုယ်စားပြု မပန်းသဇင်နှင့် မန္တလေးတိုင်းကိုယ်စားပြု
မရည်မွန် တို့ဖြစ်ပြီး...ပြိုင်ပွဲမှာတော့ နူတ်ဖြေအနေနှင့် Hero ခေါင်းစဉ်အား Essayအနေဖြင့်လေး မိနစ်ရွတ်ပြရမှာဖြစ်ပါတယ်...ပထမဆုံးပြိုင်မည့် မန္တလေးတိုင်းကိုယ်စားပြု မရည်မွန် နေရာယူပေးနိုင်ပါပြီ

ဆရာမတစ်ဦးမှကြော်ငြာပြီးသော် မရည်မွန်ဆိုသောကျောင်းသူ စင်ပေါ်သို့တတ်လာသည်..
ဒိုင်လူကြီးများမှာလည်း အချိန်စ၍သတ်မှတ်တော့သည်....

''တို့အဲ့အရွယ်တုန်းကအဲ့လောက်မတော်ခဲ့ဘူး

''ဟုတ်ပါ့ နီလာ ရယ်ခုခေတ်ကလေးတွေများတော်လိုက်ကြတာ

လေးမိနစ်အထိပင်ဖြစ်သည်...မရည်မွန် လေးမိနစ်အတွင်းသေသပ်လှပစွာ ရေရွတ်ဆိုပြသွားခဲ့သည်...

''ဆက်လက်ပြိုင်ပွဲဝင်မည့် မပန်းသဇင် နေရာယူပေးနိုင်ပါပြီ

သဇင် စင်ပေါ်တတ်လာသည်နှင့် ထိပ်ထား  ဟန်မဆောင်နိုင်မျက်ရည်များဝိုင်းလာတော့သည်

''မေမေ ဘာလို့မျက်ရည်တွေထွက်ကျနေတာလည်း...မမ..မြင်ရင်တစ်မျိုးတွေးပြီးစိတ်မကောင်းဖြစ်နေအုံးမယ်

''အေးပါ...သမီးငယ်ရယ် မေမေသုတ်လိုက်ပါပြီ...မေမေဝမ်းသာလွန်းလို့ပါ

Hero ဆိုသောခေါင်းစဉ်အောက် လေးမိနစ်အတွင်း သဇင် မိမိ၏မိခင်အကြောင်းကိုအများစိတ်ဝင်စားဖွယ်ကောင်းအောင်..မိခင်တစ်ယောက်၏မေတ္တာကိုပိုနားလည်လာတတ်အောင် သေသပ်စွာရွတ်ဆိုပြသွားခဲ့သည်....
လက်ခုတ်တဖြောင်းဖြောင်းနှင့်အားပေးသူများလည်းကျေနပ်ကြ၏

ကျွန်မမေမေ၏မိခင်(completed) Donde viven las historias. Descúbrelo ahora