ကျွန်မမေမေ၏မိခင် အပိုင်း၇

146 21 1
                                    

ထိပ်ထား နူတ်ဖျားမှစကားတစ်ခွန်းမှဖွင့်ဟခြင်းမရှိပဲ နီလာ အားတင်းကြပ်စွာဖက်ထားလိုက်သည်..နှစ်ဦးသားပါးပြင်ထက်တွင်လည်းတဖြည်းဖြည်းချင်းစီးဆင်းလာသောမျက်ရည်ဥလေးများနှင့်ပြည့်နေသည်

''ဖွားဖွား မေမေကဘာလိုငိုနေတာလည်း..

''ဪ...မေမေကဝမ်းသာလို့ငိုတာပါမြေးလေးရယ်

သဇင်လေး မိခင်ငိုနေသည်ကိုကြည့်ရင်းမိမိလည်းလိုက်ငိုတော့သည်

''မေမေ မမ ငိုနေပြီ

ခရေလေး မိခင်၏ထဘီစလေးအားမမှီမကမ်းလှမ်းဆွဲ၍ပြောလိုက်သည်

''သမီးလေးဘာလို့ငိုတာလည်း

''မေမေကငိုနေတာကိုသမီးကဝမ်းနည်းတာပေါ့

''ဪ..အေးပါသမီးလေးရယ်မေမေမငိုတော့ဘူးနော်သမီးလေးလည်းတိတ်တော့

သဇင်လေး မိခင်ပါးပြင်မှမျက်ရည်များအားလက်နုနုနယ်သေးသေးလေးများနှင့်အသာအယာသုတ်ပေးနေသည်

''သမီးလေးတွေကချစ်စရာလေးတွေပဲ

''မေမေဒီအန်တီကဘယ်သူလည်း

''မေမေသူငယ်ချင်းလေးနောက်ဆိုသမီးလေးတို့နှစ်ယောက်လုံးကဒီအန်တီကိုမေမေလေးလို့ခေါ်နော်

''ဟုတ်

နီလာ..ထိပ်ထား နှင့်လိုက်ချင်သောလည်းအခြေအနေများမှာ ထိပ်ထား နောက်လိုက်၍မရပါ..

''အဲ့ဒါဆိုငါပြန်တော့မယ်နော် နောက်အိမ်လာလည်ပေါ့သမီးလေးတွေလည်းရှိတာကို

''အင်းပါထားထားရယ်

''သွားပြီနော်

ကားပေါ်တတ်ဟန်ပြင်နေသော ထိပ်ထား အား နီလာ မိမိလက်တစ်ဖက်ဖြင့်ဆွဲဖက်လိုက်သည်..

''ငါတောင်းပန်ပါတယ် ထားထား

ထိုစကားလေးတစ်ခွန်းမှာ ထိပ်ထား အတွက် နီလာ အတွက် သမီးလေး အတွက် မည်သည့်အရာကိုတောင်းပန်မှန်းမခန့်မှန်းနိုင်ခဲ့ပါ..

''သမီးလေးတွေ ထမင်းစားကြရအောင်

ထမင်းစားခန်းထဲမှ ထိပ်ထား ခလေးနှစ်ယောက်အားခေါ်နေသောလည်းခလေးများအရိပ်အယောင်တောင်မတွေ့ရပါ..

ကျွန်မမေမေ၏မိခင်(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ