ကျွန်မမေမေ၏မိခင် အပိုင်း၁၇

129 14 0
                                    

ယနေ့ နီလာ တရားရင်ဆိုင်ရမည့်နေ့ဖြစ်သည်..ထိပ်ထား ခရေအား တရားရုံသို့ခေါ်မလာရက်ပါ..မိခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူ၏ဝမ်းနည်းပူဆွေးမူကိုမမြင်ရက်နိုင်ပါ.......ရှေ့နေမှာလည်းသူ့စကားနှင့်သူ...တရားလိုလည်းသူ့ဆန္ဒနှင့်သူ တရားသေလည်း သူ့သောကနှင့်သူ တရားခွင်တွင်ရှိနေသည်...

''ဒါဆို သမီးဖြစ်သူကိစ္စကြောင့် ဒေါ်နီလာ က ဒေါ်သူဇာ ကိုလာတွေ့တာမှန်ပါသလား

''ဟုတ်မှန်ပါတယ်

ယမင်း ငှါးထားသောရှေ့နေမှာ ယမင်း စကားအတိုင်း နီလာ အားသမီးအရင်းမဟုတ်မှန်းဝန်ခံလာအောင်လုပ်ပြီးအမူနိုင်ဖို့ကြံစည်လိုက်သည်

''ဒါနဲ့...အဲ့သမီး က ဟောဒီကဒေါ်နီလာ ရဲ့သမီးအရင်းဟုတ်ပါသလား

ရှေ့နေ့၏မေးခွန်းကြောင့် နီလာ တစ်ယောက်တိတ်ဆိတ်သွားသလို ထိပ်ထား ၏အံ့သြမှင်တတ်သွားတော့သည်...

''ဒေါ်နီလာ မေးခွန်းကိုဖြေပေးပါ...

''ဟူတ်...ကျွန်မသမီးအရင်းပါ

''ဒါပေမဲ့ ဒီကလေးရဲ့ မိခင်နာမည်က ဒေါ်ထိပ်ထား ဆိုတာ

''အဲ့တာက..

နီလာ ၏ရှေ့နေ့ တရားသူကြီးထံခွင့်တောင်းလိုက်၏

''တရားသူကြီးမင်းခင်ဗျား...ကလေးရဲ့မိခင် ဒေါ်ထိပ်ထား လည်းတရားခွင်မှာရှိနေပါတယ်ဗျ...နီလာ ဟာကလေးအမေမှန်မှန်းသူပြောပြနိုင်ပါတယ်ခင်ဗျား...ရှင်းပြခွင့်ပြုပါ

''ရှင်းစေ

ထိပ်ထား ၏ဖြစ်စဉ်ဖြေရှင်းချက်များကြောင့် နီလာ မှာ ခရေ ၏မိခင်အဖြစ်အထင်အရှားပေါ်လွင့်ခဲ့သည်.....ထို့နောက် နီလာ ၏ရှေ့နေ့ပြန်ချေပ တော့သည်..

''တရားသူကြီးမင်းခင်ဗျ.. ဒေါ်သူဇာ လှေကားမှာရှိနေစဉ် ပထမဦးဆုံးတွေ့တာ ဟောဒီကဒေါ်နီလာ မှန်ပါတယ်...ပြီးတော့ အော်ခေါ်ပြီးအကူအညီတောင်းခဲ့တာလဲ သူပါပဲ ဆေးရုံကိုဖုန်းဆက်ခေါ်ပေးတာလဲသူပါပဲ..တကယ်လို့သူသာ လူသတ်ချင်မယ်ဆို အခုလို့ဆေးရုံကိုတိုက်ရိုက်ဖုန်းဆက်မှာမဟူတ်ပါဘူး..ပြီးတော့ ဟောဒီမှာ ဖုန်းမှတ်တမ်းပါ...ဒါ ဒေါ်သူဇာ နဲ့ ဒေါ်နီလာ တို့ဖုန်းပြောခဲ့တဲ့မှတ်တမ်းပါ...ဖုန်းမှာစကားများရင် ဒေါ်နီလာ ကအိမ်ကိုလာခဲ့ပါတယ်..အိမ်ရောက်တော့ဒေါ်သူဇာ ကိုလှေကားထစ်မှာလဲနေတာကိုတွေ့မြင်လိုက်ရတယ်...ပြီးတော့ပတ်ဝန်းကျင်ကိုအကူအညီတောင်းတယ်...ဒေါ်သူဇာ ဟာသွေးထွက်လွန်ပြီးဆေးရုံသွားခဲ့တာပါ...ဒေါ်နီလာ မြင်မြင်ချင်း ပွေ့ချီပြီး သူမရဲ့နောက်စေ့ကိုလက်နဲ့သေချာအုပ်ပေးထားခဲ့ပါတယ်...ဒါပေမဲ့ မကယ်တင်နိုင်ခဲ့ပါဘူး...ဘာလို့လဲဆိုတော့ ဒေါ်နီလာ မရောက်ခင်ထဲက ဒေါ်သူဇာ လှေကားအောက်ပြုတ်ကျနေလို့ပါ....ဒါက ဒေါ်သူဇာ ရဲ့ဆေးမှတ်တမ်းပါ...သူမဟာ အိပ်ဆေးသောက်သုံးသူတစ်ယောက်လို့သိရပါတယ်...ဖြစ်စဉ်ကိုကြည့်ချင်းအားဖြင့်...တူဖြစ်သူ၏ပြောစကားကြောင့်အလွန်စိတ်လူပ်ရှားမူဖြစ်ပြီးဒေါ်နီလာကိုဖုန်းဆက်တယ်..ဒေါ်နီလာ ကလူချင်းတွေ့မည်ဟု ပြောလိုက်တော့ သူမ အောက်ထပ်ကိုစိတ်တိုတိုနှင့်ဆင်းမယ်..စိတ်အရမ်းလူပ်ရှားနေတဲ့အတွက် သူမရဲ့ခြေလှမ်းပျက်သွားပြီး လှေကားထစ်ကပြုတ်ကျခဲ့တယ်....ဒေါ်သူဇာ သေဆုံးမူမှာ မတော်တဆ မူပါ ဒေါ်နီလာ နဲ့လုံးဝမသက်ဆိုင်ပါဘူး..ဒီလောက်ပါပဲ

ကျွန်မမေမေ၏မိခင်(completed) Where stories live. Discover now