ကျွန်မမေမေ၏မိခင် အပိုင်း၃

183 21 1
                                    

''သမီးမေမေဆေးရုံဆင်းလို့ရပါပြီကွယ်"

''နားနေပါအုံးမေမေရယ် သမီးတို့အဆင်ပြေပါတယ်"

မိခင်မှာလည်းသမီးကိုသနားသကဲ့သို့သမီးဖြစ်သူမှာလည်းမိခင်ကိုအေးဆေးစွာအနားယူစေချင်၏

''ထားထား ငါတို့နှစ်ယောက်ဘဝကထူးဆန်းတယ်နော်"

''ဘာကိုလဲ"

''ငါတို့နှစ်ယောက်လွတ်လွတ်လပ်လပ်နဲ့ဘာအပူအပင်မှမရှိပဲပျော်ခဲ့ကြတာမနေ့တနေ့ကလိုပဲနော်"

''အေးဟာ...ဘဝမှာလည်းဘာတစ်ခုမှမမြဲပါလားနော် .. ထိပ်ထား ဆိုတဲ့သူဠေးသမီးတစ်ယောက်ဟာ မနေ့တနေ့ကပုံပြင်ထဲကမိန်းခလေးလိုပဲ..အခု ထိပ်ထား ကတော့သာမာန်စျေးလေးတစ်ခုမှာထမင်းဆိုင်လေးကိုအားပြုနေရတဲ့ ထိပ်ထား ပေါ့"

''ထားထားရယ်အားမငယ်ပါနဲ့ဟာ နင့်အနားမှာတစ်နေ့နင်ခလေးလေးကအားပေးဖော်ရှိလာမှာပါဟာ"

''ငါတို့ခလေးလေးတွေကသိပ်ချစ်စရာကောင်းမှာပဲနော်"

''ငါတော့သမီးလေးလိုချင်တယ်ဟာ ငါနဲ့တူတူအရာရာကိုနားလည်မူနဲ့ပျော်ရွှင်ဖြတ်သန်းချင်တယ်"

''နီလာ နင်သမီးလေးသာမွေးလာရင် နင်နဲ့သိပ်တူမှာ"

''နင်ရောသားသားလားမီးမီးလား"

''ဘာလေးမွေးမွေးငါအစွမ်းကုန်ပြုစုမှာပါ"

ရက်အတော်ကြာဆေးရုံတွင်အနားယူပြီးသော ဒေါ်နှင်းဆီဆေးရုံမှဆင်းလာသည်။

''အမကြီးဆေးရုံဆင်းလာပြီလား"

''အေးညီမလေးရေ.."

ပတ်ဝန်းကျင်မှလူတော်တော်များများဒေါ်နှင်းဆီကိုသနားကျသလိုအားလည်းကျကြသည်။မိမိတစ်ဦးထဲရုန်းကန်ကာသမီးဖြစ်သူကိုယ်ဝန်သည်လေးကိုပြုစုစောက်ရှောက်နေသည်မှာမိခင်အများစုအားကျချင်စရာကောင်းလှသည်။သို့သော်လည်းအသက်အရွယ်နဲ့မလိုက်ပင်ပင်ပန်းပန်းမီးအပူထဲထမင်းဟင်းချက်နေရသည်မှာလည်းသနားစရာကောင်းလွန်း၏

''သမီးနီလာ မျက်နှာလည်းတော်တော်ချောင်ကျသွားပါလား "

''ဘာမှမဖြစ်ပါဘူးအမေရယ်စိတ်မပူပါနဲ့"

ကျွန်မမေမေ၏မိခင်(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ