ကျွန်မမေမေ၏မိခင် အပိုင်း၁၅

120 15 0
                                    

'

''မမထား အပြင်မှာဧည့်သည်တစ်ယောက်ကတွေ့ချင်လို့တဲ့ ခေါ်လိုက်ရမလားရှင့်

''ဘယ်သူလဲ ညီမ

''ဒေါ်သူဇာ လို့ပြောတယ်

''ဝင်လာခိုင်းလိုက်ပါညီမ

သူဇာ ထိပ်ထား ၏ရုံးခန်းသို့မည့်သည်ရည်ရွယ်ချက်နှင့်ရောက်လာသည်ကို ထိပ်ထား မခန့်မှန်းနိုင်ချေ.....

''ကုမ္ပဏီ ပိုင်ရှင်ကြီးဖြစ်နေပြီပေါ့ နင်က

''ဘာပြောစရာရှိလို့လည်း

''တိုတိုတုတ်တုတ်ပဲပြောမယ်...ငါ့တူလေးနဲ့နင့်သမီးကိုငါသဘောမတူနိုင်ဘူး

''နင်သဘောတူမှာမဟုတ်မှန်းငါသိပါတယ်

''ဒါပေမဲ့ငါ့တူလေးအခုလိုစိတ်မကောင်းဖြစ်နေရတာကိုငါမလိုချင်ဘူး...အဲ့တော့...နင်တို့ဘက်က နီလာ ကိုကလေးတွေနဲ့ထပ်မပတ်သတ်ခိုင်းရင်ငါသဘောတူပေးမယ်

''နင်ရက်စက်လှချည်လား သူဇာ....နင်ပြောတဲ့ကိစ္စကဖြစ်နိုင်မှာမဟုတ်ဘူး..သမီးတွေကငယ်ငယ်လေးထဲကသူ့နဲ့တူတူနေလာတာနင်ပြောသလိုမဖြစ်နိုင်ဘူး

''ဟာ...နင်ကသူတို့အမေအရင်းလေ နင်ကပြောပေါ့

''သူဇာ နင်ခုချက်ချင်းငါ့ရုံးခန်းထဲကထွက်သွားလိုက်တော့

''ဘာလို့ဒီလောက်ကြီးစိတ်တိုနေရတာလဲ ..ငါက နီလာ ကိုပဲအဝေးမှာနေခိုင်းတာပါ..မဟူတ်မှလွဲရော ကလေးနှစ်ယောက်လုံးကနင့်သမီးတွေဆိုတာသေချာလို့လား

''သူဇာ...ငါလုံခြုံရေးနဲ့နင့်ကိုဆွဲမထုတ်ခင်နင်ထွက်သွားလိုက်တော့

မင်္ဂလာ.. .ဆေးခန်းပိတ်ပြီး ခရေ နှင့်တစ်နေ့လုံးအတူတူရှိပေးနေ၏

''ဦး ...တကယ်လို သမီးတို့ကိုသဘောမတူဘူးဆိုဘယ်လိုလုပ်မလဲ

''သမီးမေမေကတော့မပြောလောက်ပါဘူး..

''မေမေတို့လက်မခံရင်သမီးလည်းအဆက်ဖြတ်လိုက်မှာပါ

ထိပ်ထား...သူဇာ ပြန်သွားသည့်အချိန်ကပင်ထိုင်ခုံမှမထပဲ အတွေးတစ်ခုထဲမျှော်လွှင့်နေသည်
ထိပ်ထား..တစ်ယောက်ထဲမွန်းကြပ်လာတော့၏

ကျွန်မမေမေ၏မိခင်(completed) Donde viven las historias. Descúbrelo ahora