ကျွန်မမေမေ၏မိခင် အပိုင်း၁၈

169 17 0
                                    

ထိပ်ထား နှင့် သဇင် တို့အတွက်ဝမ်းသာဖွယ်ကိစ္စအကြောင်းအရာတစ်ခုကို မင်္ဂလာ ယူဆောင်လာပေးခဲ့သည်...မင်္ဂလာ ၏အသိနိုင်ငံခြားသားဆရာဝန်တစ်ဦး၏အကူအညီဖြင့် သဇင် ၏နှလုံးအားအစားထိုးကုသဖို့ဆုံးဖြတ်လိုက်ကြသည်..

''မေမေဒါဆိုမမ ရောဂါက အပြီးပျောက်သွားမှာပေါ့

''ဒါပေါ့သမီးငယ်ရဲ့

''သမီးတို့နိုင်ငံခြားကိုလိုက်သွားကြမှာပေါ့

''အင်းပေါ့....

''မေမေလေးရောလိုက်မှာလား

''မေမေလေးကသွားနှင့်မယ်တဲ့မေမေတို့နေဖို့အတွက်သူ့အိမ်မှာစီစဉ်စရာရှိတာသွားစီစဉ်နှင့်တယ်

နာရီပေါင်းအတော်ကြာလေယာဉ်စီးနှင်းခဲ့ရာ အမေရိကန် သို့ ခရေ တို့သားအမိနှစ်ယောက်ရောက်လာခဲ့ကြသည်....နီလာ ၏အိမ်တွင် ထိပ်ထား တို့မိသားစုအကုန်လုံးနေကြ၏

''ကို မင်္ဂလာ သမီးကြီးကိုဘယ်တော့ခွဲစိတ်မူလုပ်မှာလည်း

''နောက်တစ်ပတ် ထဲလုပ်မှာ ထား

''တစ်ခုခုများ

''စိတ်မပူပါနဲ့ ထား ကို့သူငယ်ချင်းတဲ့အစွမ်းကုန်ကြိုးစားပေးမှာပါ

သဇင် ၏နှလုံးအစားထိုးခွဲစိတ်ကုသမူပြုလုပ်မည့်ရက်ရောက်ရှိလာခဲ့သည်...

''သမီးကြီးဘာမှစိတ်မပူနဲ့နော် အကောင်းဆုံးဖြစ်လာမှာပါ

''ဟုတ် မေမေလည်းဘာမှတွေးပြီးစိတ်ပူမနေနဲ့နော်

''မမ ကျန်းကျန်းမာမာနဲ့ပြန်လာခဲ့နော်

''အင်း

သဇင် အားခွဲစိတ်မူပြုလုပ်နေရင်းအရေးတကြီးသွေးလိုအပ်လာသည့်အခြေအနေဖြစ်လာသည်.သဇင် ၏သွေးအမျိုးအစားမှာ အခြားသွေးများနှင့်မတူရှားပါးလွန်းသောကြောင့် အလွယ်တကူမရနိုင်ပါ..

''ထား သမီးကြီးခွဲစိတ်နေရင်းအရေးတကြီးသွေးလိုလာလို့....မိခင်ရဲ့သွေးကိုလိုအပ်တယ်

မင်္ဂလာ စကား၏အရိပ်အခြေကို ထား နားလည်လိုက်သည်..ခရေ အားသွေးစစ်သွားမည်ဟု ဆိုကာ နီလာ နှင့်တစ်နေရာသို့ထွက်သွား၏

ကျွန်မမေမေ၏မိခင်(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ