ကျွန်မမေမေ၏မိခင် အပိုင်း၂

235 25 1
                                    

''ထားထား နင်ပြောသလိုအဆင်ပြေပါ့မလား"

''ပြေလောက်ပါတယ် နီလာ ရယ်..နင်သာပုန်းနေရင်သူတို့လည်းရှာတွေ့မှာမဟူတ်ပါဘူး"

ထိပ်ထား...နီလာ အားမိမိထရံကာသွပ်မိုးအိမ်လေးသို့ခေါ်လာသည်။နီလာ မှာလည်း မိဘများကိုယုံနိုင်အောင်လိမ်ခဲ့ရသည်။မိခင်ကိုခလေးဖျက်ချခဲ့သည်ဟုလိမ်ပြောပြီး..စိတ်ပြေလက်ပျောက် ဂျပန်ကိုအလည်သွားနေမည်ဟုပြောကာ.ထိပ်ထား အိမ်တွင်ပုန်းလေ၏..

''နီလာ..အိမ်ကအရမ်းသေးပြီးညစ်ပတ်တော့နင်နေနိုင်ပါ့မလားဟင်"

''ထားထားရယ်နင်တောင်နေနိုင်သေးတာပဲငါကဘာလို့မနေနိုင်ရမှာလဲ"

သားအမိနှစ်ယောက်အိမ်ရှေ့ခန်းတွင်အိပ်ပြီးတစ်ခန်းထဲရှိသောအိပ်ခန်းထဲ နီလာ ကိုပေးအိပ်သည်။

''သမီးလေးထတော့ မေမေတို့ဆိုင်သွားခင်းကြရအောင်"

ဒေါ်နှင်းဆီ ထမင်းဆိုင်လေးမှာ မနက်အစောပိုင်းဆိုမုန့်ဟင်းခါးလည်းရောင်းသေး၏..မနက်လေးနာရီလောက်ကပင်ထချက်ပြုတ်စီစဉ်ပြီးဆိုင်ခင်းကြသည်။

''ထားထား..ငါဘာကူညီပေးရအုံးမလဲ"

''ဟယ်...နီလာ....နင်အိမ်အပြင်ထွက်လာလို့မဖြစ်ဘူးလေ..အထဲပြန်ဝင်နေပါ...တစ်ယောက်ယောက်မြင်သွားရင်မကောင်းဘူး"

နီလာ အား ထိပ်ထား လိုလေစိတ်မရှိအောင်ထား၏။ငယ်စဉ်ထဲကသူငယ်ချင်းလိုညီမလိုခင်မင်လာကြသာနှစ်ဦးသားမေတ္တာမှာနားလည်မူအပြည့်နှင့်အေးချမ်းလှသည်။ဒေါ်နှင်းဆီ ဆိုင်လေးမှာလည်းသုံးဦးသားစားစရိန်အတွက်အလုံအလောက်ရောင်းရ၏..

''မေမေ သမီး ဘွဲ့လည်းရပြီးပြီဆိုတော့ အလုပ်ရှာကြည့်မလို့"

''မဖြစ်ဘူးသမီးလေး...အခုဆိုသမီးလေးကအရင်လိုမဟုတ်ဘူးလေ..ခလေးလေးမွေးပြီးမှလုပ်ချင်ရင်လုပ်ပါ"

မိခင်စကားမှာ ထိပ်ထား အတွက်ရော နီလာ အတွက်ပါ ဖြစ်သည်။

''ဟဲ့...ဟိုဘက်အိမ်က အထည်ကြီးပျက်သားအမိတွေပြောင်းလာတာမှကြာသေးဘူး သမီးဖြစ်သူကဗိုက်ထွက်လာပြီအေ"

ကျွန်မမေမေ၏မိခင်(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ