ကျွန်မမေမေ၏မိခင် အပိုင်း၆

145 23 1
                                    

''အကို ကျွန်မအရမ်းအရေးကြီးနေလို့ဖုန်းခဏလောက်ဆက်ပါရစေရှင်

''ဟာ...နင်တို့ကလည်းလူအိပ်ချိန်တောင်နားမလည်ဘူးလား

''တောင်းပန်ပါတယ်အကိုရယ်.. ကျွန်မသမီးလေးအရမ်းဖျားနေလို့ပါ...အရမ်းအရေးကြီးနေလို့ပါ

''ရော့ရော့မြန်မြန်ဆက်ပြီးပြန်

''ဟုတ်ကျေးဇူးတင်ပါတယ်

လက်ထဲတွင်ကိုင်ထားသောစာရွက်လေးထဲမှဖုန်းနံပါတ်လေးအားခေါ်လိုက်သည်..

''ကျေးဇူးပြုပြီးဖုန်းကိုင်လိုက်ပါဦးရယ်

ဖုန်းမကိုင်ပါ ..ထိပ်ထား ထပ်ခါထပ်ခါခေါ်ဆိုသည်..ဖုန်းမကိုင်ပါ

''ကယ်..နင့်ဖုန်းကလည်းမကိုင်ဘူး ငါလည်းအရမ်းအိပ်ချင်နေပြီ ဖုန်းမကိုင်တဲ့တူတူပြန်လိုက်တော့

''ဒီတစ်ခါပဲခေါ်ပါရစေအကိုရယ်နော်ဒီတစ်ခါတည်းပဲ

နောက်ဆုံးအကြိမ်မျှော်လင့်ချက်နှင့်ဖုန်းခေါ်သော်လည်းဖုန်းမကိုင်ပြန်ပါ...

''ပြန်တော့နင့်ဖုန်းလည်းကိုင်တာမဟုတ်ဘူး

အားငယ်နေသောမျက်ဝန်းတစ်စုံ..ကူညီရာမဲ့နေသောမိခင်တစ်ယောက် .. ကယ်တင်ရှင်တစ်ဦးတစ်ယောက်အားမျှော်လင့်ခဲ့သောလည်းမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါ...

''ကလင်ကလင်

''ဟဲလို...

''ဖုန်းတွေခေါ်ထားတာတွေလို့ပြန်ခေါ်လိုက်တာပါ

''ဪ..ခုနကခေါ်တာနေမှာ...ကျွန်တော်တို့ရပ်ကွက်ထဲက ထိပ်ထား ဆိုတဲ့မိန်းခလေးခေါ်တာပါ...ခဏလေးနော်သူသိပ်ဝေးဝေးမရောက်သေးဘူးကျနော်ခေါ်ပေးပါ့မယ်

ခပ်လှမ်းလှမ်းသာရောက်သေးသော မိန်းမသားတစ်ယောက်၏ခြေလှမ်းများရပ်တန့်သွားစေသော ခေါ်သံတစ်ခုအား ထိပ်ထား ကြားလိုက်ရသည်..

''ဟေ့..ထိပ်ထား...ဒီမှာနင့်ကိုဖုန်းပြန်ခေါ်နေတယ်

ထိပ်ထား အလျင်အမြန်သွား၏ဖုန်းကိုင်လိုက်သည်..

''ဟဲလိုဦးလား

''အေသမီးလေးဘာဖြစ်လို့လည်းကွယ်

ကျွန်မမေမေ၏မိခင်(completed) Donde viven las historias. Descúbrelo ahora