ကျွန်မမေမေ၏မိခင် အပိုင်း၁၀

126 21 1
                                    

နီလာနှင့်ထိပ်ထား ထိပ်လန့်သွားကြသည်

''သမီးလေးတို့ဦးပြန်တော့မယ်သွားစရာလေးလည်းရှိလို့

''ဟုတ်ဦး

မင်္ဂလာ ပြန်သွားသော် ထိပ်ထား ညီအစ်မနှစ်ယောက်နှင့်စကားပြော၏

''ခရေ သမီးလေးကင်မရာကလေ

''ဪ..အဲ့ဒါမမဆီမှာလေ..ခုနကမမကကြည့်ချင်တယ်ဆိုလို့သမီးပေးလိုက်တာ

ထိပ်ထား..သဘောပေါက်လိုက်သည် အခန်းရှေ့ရောက်လာသူလေးမှာ သဇင်ဖြစ်သည်..

''သမီးငယ်လေးကမေမေလေးဆီခဏသွားလိုက်အုံးနော်မေမေ မမနဲ့စကားပြောစရာရှိလို့

''ဟုတ်

''သမီးကြီးခုနကလေ

''မေမေ ခရေကဘာပဲဖြစ်ဖြစ်သမီးညီမလေးပါပဲ ဘယ်သူတွေဘာပြောပြော သမီးရဲ့ညီမငယ်လေးပါပဲ မေမေဝမ်းနဲလွယ်မမွေးခဲ့ရပေမဲ့သမီးတို့လူမှန်းသူမှန်းမသိတတ်ခင်ထဲကမေမေကပြုစုစောင့်ရှောက်ပေးခဲ့တာ မေမေကသမီးတို့နှစ်ယောက်ရဲ့မေမေပါပဲ..ပြီးတော့ညီမလေးကိုဒီကိစ္စတွေမသိစေချင်ဘူးမေမေ ညီမလေးစိတ်ထိခိုက်မှာကိုသမီးမလိုလားဘူး

''မေမေလည်းတကယ်စိတ်မကောင်းပါဘူးသမီးရယ်

''သမီးလေးခုနကကြားချိန်မှာ သမီးသာမေမေသမီးအရင်းမဟုတ်ခဲ့ဘူးဆိုသမီးရူးများသွားမလားမသိဘူး မိမိကမေမေသမီးလေးဖြစ်ရတော့ပျော်လိုက်ရတာ သညီမလေးအပေါ်မကောင်းသလိုခံစားမိနေခဲ့တယ်..ဘာပဲဖြစ်ဖြစ် ညီမလေးကလည်းသမီးညီမအရင်းလေးတစ်ယောက်ပါပဲ မေမေကသမီးရဲ့မေမေဖြစ်တဲ့အတွက်သမီးအရမ်းဝမ်းသာတာပဲ

ထိပ်ထား ခရေလေးအပေါ်အားနာနေမိသလို
သဇင်လေးကိုလည်းသနားစိတ်တွေပိုများလာသည်

''ထားထား ကလေးတွေအိပ်ကုန်ပြီလား

''အေ..

''ခရေလေးကိုဘာလို့ငါ့ဆီလွှတ်လိုက်တာလဲ

''ခုနကကလေးကသဇင်လေးပါ..ငါသမီးလေးနဲ့စကားပြောပြီးပြီသူကခရေလေးကိုမသိစေချင်ဘူးတဲ့

''သဇင်လေးလည်းစိတ်မကောင်းဖြစ်နေမှာပဲ

တစ်အိမ်လုံး အိပ်ပျော်နေကြပေမဲ့ ထိပ်ထား တစ်ယောက်အိပ်၍မပျော်နိုင်ပါ

ကျွန်မမေမေ၏မိခင်(completed) Where stories live. Discover now