အပိုင်း-(၉)

5.1K 793 25
                                    

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန်-အပိုင်း(၉)

MSRV Ch 5 အပိုင်း ၁ -ပထွေးတစ်ယောက်ရှာဖွေခြင်း ? (၁)

ဖုယွင်ရော့က သူမ၏သားသည် တက်တက်ကြွကြွဖြစ်လာသည်ကို နောက်ပိုင်းတွင်သတိထားမိခဲ့သည်။ ယခင်ကတိတ်ဆိတ်ပြီးကောင်းမွန်စွာပြုမူနေထိုင်ခဲ့သည့်ကလေးငယ်သည် ယခုအခါသူသည်ဆာလောင်မွတ်သိပ်ခြင်း (သို့မဟုတ်)မိမိအနှီး သေးခံတွေမပေရင်တောင် ဆူညံသံကိုပြုလုပ်ခဲ့သည်။

အရင်တုန်းက ဖုယွင်ရော့က သူ့သားကမိန်းကလေးလို့ခံစားမိခဲ့တယ်။ ကောင်လေးတစ်ယောက်က အရမ်းတိတ်ဆိတ်နေတာကိုး။ ယခုသူသည် လက်တဆုပ်စာလောက်သာရှိသေးပေမယ့် အရမ်းကိုတက်ကြွပြီး သန်မာသည်။

ယခင်သူမ၏ တိတ်ဆိတ်သောသား​လေးက ပိုကောင်းသည်ဟုတွေးမိသည်။

ကလေးသည် တိတ်ဆိတ်စွာနေခဲ့ချိန်တွင်သူမစိုးရိမ်ခဲ့သည်။
ယခုမူကား သူသည်တစ်ချိန်လုံးဆူညံဆူညံလုပ်နေသော
ကြောင့်သူမမောပန်းလာသည်။

ရက်အနည်းငယ်အတွင်းမှာပဲ ဖုယွင်ရော့ကဒါကိုမခံနိုင်တော့ဘူး။ အရမ်းဆူညံနေတယ်

နေ့တိုင်းကအဆုံးမဲ့ အိပ်ရာဝင်ချိန်မှလွဲ၍ ကလေးက
တစ်ချိန်လုံးဆူညံနေတာကိုမရပ်တော့ဘူး ကြည့်ရတာသူ့မှာ အားအင်တွေအများကြီးရှိပြီးတော့ ခဏလေးတောင်မရပ်ခဲ့။ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့အချိန်ဆိုလို့ သူမောသွားပြီးအိပ်မောကျသွားသည့်အချိန်သာ။

ထို့အပြင်ကလေးငယ်သည်တွန်းလှည်းထဲကိုအထည့်မခံ။
သူ့ကိုချီထားရပြီး ဖုယွင်ရော့တစ်ဉီးတည်းကို ချီတာကိုသာခံသည်။ အရင်ကအန်တီမေချီတာကိုခံပေမယ့် အခုအန်တီမေ က ချီဖို့လုပ်ရင်တောင် တွန်းကန်သည်။

သူ့ခန္ဓာကိုယ်က သေးသေးလေးပေမယ့် သန်တာကတော့သန်တယ်။ ဖုယွင်ရော့က သူမသားပြုတ်ကျပြီးဒဏ်ရာရသွားမှာကိုစိုးရိမ်သည့်အတွက် သူ့ကိုအမြဲချီပွေ့ထားရသည်။

မကြာသေးမီက ဤကလေးသည် အာဟာရဖြည့်စွက်စာ
နို့မှုန့်ကို မသောက်တော့ပါ။
သူသုံးလပြည့်ပြီး ဖုယွင်ရော့က နို့မှုန့်ဘူးကိုဝယ်ပြီး
ညအိပ်ရာမဝင်မီ တစ်ကြိမ်ကျွေးခဲ့သည်။ ပုံမှန်အားဖြင့်
မိခင်နို့ကိုသာတိုက်ကျွေးနေဆဲဖြစ်သည်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now