Ep-103

1.1K 55 2
                                    


အပိုင်း-(103)

ရိုက်ကူးရေးပြီးသွားသောအခါ ဝန်ထမ်းများပြန်တော့မည့်အချိန်တွင် အေးစက်နေတဲ့မျက်နှာထားနဲ့ချန်ကျူးယို၏ တားခြင်းကို ခံလိုက်ကြရသည်။

"နေအုန်း.."

ဒါရိုက်တာဖန်းက ချွေးတွေစိုရွဲနေပြီး "သခင်လေးချန် မင်း ဘာလိုလို့လဲ"

ချန်ကျူးယုံက အေးစက်စွာပြောလာသည်
"မင်းတို့အဖွဲ့ကသူတွေ ငါ့ကို ဖြေရှင်းချက်ပေးသင့်တယ်မထင်ဘူးလား"

"ဒီ..."

"အစ်ကိုချန်..." ဖန့်ရွှယ်ရော့က သူ့အင်္ကျီလက်ကိုဆွဲကာ မျက်လုံးများဖြင့် တောင်းပန်လိုက်သည်။

ချန်ကျူးယိုသည် ဖန့်ရွှယ်ရော့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။  ဒါပေမယ့် နောက်ဆုံးမှာတော့ သူမကို အနိုင်ယူမနိုင်ခဲ့ပါဘူး။
"သွားတော့"
ထို့နောက် သူက ဖန့်ရွှယ်ရော့ကို ချစ်ခင်နှစ်သင်မှုပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဖန့်ရွှယ်ရော့က သူ့ကို ပြန်ပြုံးပြပြီး စိုးရိမ်စိတ်နဲ့ မေးသည်။ "အဆင်ပြေရဲ့လား"

"ငါအဆင်ပြေပါတယ်၊ ဒါပေမယ့် မင်းမှားသွားပြီ။ ရွှယ်အာ စိတ်ချထားလိုက် မင်းအတွက် တရားမျှတမှုကို ငါရှာပေးမယ်။"
ချန်ကျူးယိုက ကတိပေးခဲ့သည်။

ဖန့်ရွှယ်ရော့က တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလာခဲ့တယ် "ရှင်ဘာလုပ်မလို့လဲ"

"ငါ စစ်ယွဲ့ကို အလွတ်မပေးဘူး"
ချန်ကျူးယိုက အေးစက်စွာပြောသည်။  သို့သော် ယခုလေးတင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ပြန်သတိရသောအခါတွင် ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။

ချန်ကျူးယိုသည် သူ့အချစ်လေးကို စစ်ယွဲ့ကအနိုင်ကျင့်တာကို မြင်တာနဲ့သူကချက်ချင်းပဲ စစ်ယွဲ့ကိုပညာပေးရန် ရည်ရွယ်ပြီး အမိန့်တစ်ခုပေးခဲ့သည်။ သို့သော်
Apple Entertainmentက သူ့ကိုမျက်နှာသာမပေးခဲ့ဘဲ စစ်ယွဲ့ကိုသာကာကွယ်ခဲ့တယ်။ နောက်ဆုံးတော့ သူက ယွမ်ရှင်းကိုတွေ့ပြီး ပြင်းပြင်းထန်ထန်သတိပေးရန် ကိုယ်တိုင်ကိုယ်ကျထွက်လာခဲ့ရတယ်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now