Ep-(105)

1.1K 38 1
                                    

July 15, 2023 by nikkousan

(အပိုင်း105)

ယွမ်ရှင်းနှင့်ဝမ်ဝမ်တွေ့ဆုံခြင်း

ယွမ်ရှင်းသည် သူ့ကိုယ်သူ မိတ်ဆက်ရန် ရှေ့တိုးလာသည်။ ထို့နောက် ချီဝေ့ချန်က သူတို့ကို ယူလာခိုင်းသည့် အာဟာရများနှင့် ဖြည့်စွက်စာများကိုထုတ်ယူလာသည်။

"အားချန်က ကျွန်တော်တို့ကို ဒါတွေကို ယူလာခိုင်းထားတာ ကျေးဇူးပြုပြီး လက်ခံပေးပါ Mr.ကော"

"ငါ ဒါတွေကိုမလိုပါဘူး ပြန်ယူသွားလိုက်"

ဉီးလေးကောက ယွမ်ရှင်းကို မကြည့်ဘဲ စိတ်ပျက်စွာ ငြင်းပယ်လိုက်သည်။ သူက သူစိမ်းတွေဆီက ကြုံသလိုလက်ခံရတာမျိုးကို မကြိုက်နှစ်သက်ပေ။

ဉီးလေးကောက ယွမ်ရှင်းကို မကြည့်ဘဲ စိတ်ပျက်စွာ ငြင်းပယ်လိုက်သည်။ သူက သူစိမ်းတွေဆီက ကြုံသလိုလက်ခံရတာမျိုးကို မကြိုက်နှစ်သက်ပေ။

ယွမ်ရှင်းက ပြုံးပြီး "ဒါက အားချန်ရဲ့စေတနာပါ သူဒီမှာ မရှိတာမို့လို့ ကျွန်တော်တို့က သူ့ကိုယ်စား ဆုံးဖြတ်ပေးလို့မရပါဘူး။ ကျွန်တော်တို့တာဝန်က ဒါတွေကိုသယ်လာပေးဖို့ပါပဲ အဲ့တော့ ကျွန်တော်တို့ကို ခက်ခဲအောင်မလုပ်ပါနဲ့"

ဖုယွင်ရော့က လက်ဖက်ရည်ဗန်းကို ယူလာပြီး ပြန်လာခဲ့တယ်။ ဉီးလေးကော၏အေးစက်မှုကို မြင်တော့ သူမကပါ ဖျောင်းဖျပေးလေသည်။

"ဉီးလေးကော ဒါက အစ်ကိုချီရဲ့ စေတနာလေ။
ဉီးလေးက ငြင်းလိုက်မယ်ဆိုရင် သူတို့က အစ်ကိုချီကို ရှင်းပြနိုင်မှာမဟုတ်ဘူး"

ဦးလေးကောက နှာမှုတ်လိုက်ပြီး ဘာမှတော့မပြောခဲ့ဘူး။ သို့သော် ဖုယွင်ရော့၏မျှော်လင့်ထားသည်နှင့် ဆန့်ကျင့်စွာ ဒီကိစ္စက သူမနှင့်လည်း ဆက်နွှယ်လာပြန်သည်။

ယွမ်ရှင်းက သူမရှေ့ကို ပစ္စည်းအမြောက်မြားကို ပြုံးရွှင်စွာ တွန်းပို့လာသည်။
"ဒါတွေက အားချန်နဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေက
ဝမ်ဝမ်ကိုပေးလိုက်တာတွေလေ ကျေးဇူးပြုပြီး လက်ခံပေးပါ"
ဖုယွင်ရော့ အံ့သြသွားခဲ့တယ်။ သူမက အမြန်ငြင်းဆိုခဲ့တယ်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now