အပိုင်း-(၈၀)

3.5K 601 39
                                    

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန်

အပိုင်း-(၈၀)

ကျဉ်းမြောင်းသောလမ်းပေါ်တွင် ရန်သူနှင့်တွေ့ဆုံခြင်း (1)

နောက်နေ့မနက်စောစောမှာ ဝမ်ဝမ်ရွာကိုပြန်သွားခဲ့သည်။ ဖုယွင်ရော့ဟာ မနက်ခင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ရမှာဖြစ်သောကြောင့် သူမ ထွက်သွားလို့မဖြစ်နိုင်သည့်အတွက် ကောင်လေးကို မေမိသားစုအိမ်ဆီသို့ ပို့ပေးရန် ဦးလေးကောကို တောင်းဆိုခဲ့သည်။

ပျော်ရွှင်စွာ ထွက်ခွာသွားသော ဝမ်ဝမ်ကိုကြည့်ပြီး
ဖုယွင်ရော့သည် နောက်ဆုံးတွင် လွတ်ဟာသွားသော အသိုက်၏ ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ရသည်။ ကောင်လေး၏အတောင်များသည် မာကျောလာကာ နောက်ဆုံးတွင် ကျယ်ပြန့်သောကမ္ဘာကြီးသို့ စွန့်စားထွက်ခွာသွားကာ သူ့မိခင်အိုကြီးကို မလိုအပ်တော့ပေ။

သူမရဲ့ ပေါင်ပေါင်က လေးနှစ်တောင် မပြည့်သေးပါဘူး။ အရင်က သူမအပေါ် အရမ်း ကပ်ခဲ့တာ ထင်ရှားပေမယ့် အခုသူမကို မလိုအပ်တော့ဘူးလား?  ဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းလိုက်သလဲ *ဟင့်* ဟင့်*

ဝမ်ဝမ်သည် သူ့မိခင်အိုကြီး၏ ဝမ်းနည်းမှုကို မသိခဲ့ပေ။ မေမိသားစုအိမ်တံခါးကိုရောက်ပြီးနောက် ကားပေါ်မှ အမြန်ဆင်းကာ သူရဲ့ လက်ဖောင်းဖောင်းလေးတွေကို ဝှေ့ယမ်းကာ
"အဘိုးကော နောက်မှတွေ့မယ်"

ထို့နောက် သူလှည့်၍ ခြေတိုတိုဖြင့် ခြံထဲသို့ ပြေးဝင်သွားခဲ့သည်။

ထိုအချိန်တွင်၊ စစ်ယွဲ့သည် cameraman နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း ခြံထဲတွင် အကျောဆန့်နေခဲ့သည်။ ပြုံးရွှင်နေသောဖက်ထုပ်လေး ပြေးဝင်လာတာကို မြင်လိုက်ရတော့ သူကပြုံးပြီး
"သားလေး ဒီကိုလာ။"

ဝမ်ဝမ်သည် ကင်မရာကြီးကြီးကို ကြည့်ပြီးနောက် သူကဂရုတစိုက်လှည့်ပတ်လျှောက်ကာ စစ်ယွဲ့နဲ့အနီးဆုံးနေရာမှာရပ်လိုက်သော်လည်း ကင်မရာရဲ့အကွာအဝေးမှာ ရှိနေသေးသည်။ သူက ခေါင်းမော့ပြီး စစ်ယွဲ့ကို ကလေးဆန်သော အသံဖြင့်
"မင်္ဂလာနံနက်ခင်းပါ အန်ကယ်ယွဲ့"

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now