အပိုင်း-(၂၆+၂၇)

4.8K 702 64
                                    

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ ဗီလိန် အပိုင်း-(26)

- စစ်ယွဲ့

ယွမ်ရှင်းကတံခါးကိုဖွင့်လိုက်သည်။ သူဝင်လာလာချင်း အနက်ရောင်ရုံးသုံးထိုင်ခုံတွင် မှီပြီးထိုင်နေတဲ့ ပေါ့ပေါ့ပါးပါးရှပ်အင်္ကျီနှင့် လူတစ်ယောက်က သူ့ခြေတံရှည်တွေကို စားပွဲ ပေါ်တင်ထားပြီး ခေါင်းကို ကုလားထိုင်နောက်ကျောကို မှီထားတာကိုတွေ့ရသည်။ သူ့၏မော့ထားသောမျက်နှာကို စာအုပ်ဖြင့်အုပ်ထားသည်။

တံခါးဖွင့်သံကိုကြားရသောအခါ ထိုလူသည် အလွန်မင်းအိပ်မောကျနေဟန် လှုပ်လှုပ်ရှားရှားမလုပ်ခဲ့ပေ။

ယွမ်ရှင်းကလည်း အလျင်မလိုခဲ့ပါ။ သူကသစ်ခွအိုးကို စားပွဲပေါ်ကိုချလိုက်ပြီး သူ့လက်ဆွဲအိတ်ထဲက ဇာတ်ညွှန်းစာအုပ်နှစ်အုပ်၊ သုံးအုပ်ကိုထုတ်လိုက်သည်။ သူခုံကိုအသာခေါက်လိုက်ပြီး
"ဒါတွေက ငါမကြာသေးခင်ကရွေးထားတဲ့ ကောင်းတဲ့ဇာတ်ညွှန်းတွေပဲ ကြည့်ပြီး တစ်ခုလောက်ရွေးလိုက်"

ခဏအကြာတွင် သေးသွယ်သောလက်ချောင်းများက စာအုပ်ကိုယူလိုက်ပြီး သူ့ရဲ့ချောမောမျက်နှာကိုပေါ်လွင်စေသည်။ ထိုလူက ပျင်းရိပျင်းတွဲသူ့မျက်တောင်များကို ဖွင့်လိုက်ပြီး ပုံမှန်အတိုင်းပဲပြောခဲ့သည်။
"ငါ့ပန်းသေသွားပြီ..."

လမ်းတစ်ဝက်တွင် သူ့မျက်လုံးများက အမှတ်မထင်စားပွဲပေါ်တွင်တင်ထားသော အပင်အိုးကို ကြည့်မိပြီး လှပသောသစ်ခွပန်း၏ ပုံရိပ်လေးက သူ့မြင်ကွင်းထဲ ဝင်ရောက်လာခဲ့သည်။

ထိုလူသည် သူ၏အပြောအဆိုကိုချောမွေ့အောင်ပြောင်းပြောခဲ့ပြီး " အဲ့ဒီတော့ ငါကဝမ်းနည်းမှုတွေကိုဖြေဖျောက်ဖို့ အလုပ်တွေလုပ်ရမှာပေါ့..."

ဒီဘိုးဘေးကို နောက်ဆုံးတော့ကုသလို့ရသွားတာကို သိပြီးတော့ ယွမ်ရှင်းက သူ့ခေါင်းကိုမြင့်ကာ စစ်ယွဲ့ရှေ့ကိုဇာတ်ညွှန်းစာအုပ်များကို တွန်းပို့ပေးလိုက်သည်။

စစ်ယွဲ့က သူ့အကြည့်တွေကိုအမြန်ရုတ်သိမ်းခဲ့သည်။ သူက ဇာတ်ညွှန်းများထဲကတစ်ခုကိုရွေးလိုက်ပြီး "ဒီတစ်ခု..."

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now