အပိုင်း(78)

3.3K 568 18
                                    

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန်

အပိုင်း-(၇၈)

MSRV Ch 30 အပိုင်း 1  လျှို့ဝှက် Boss ဆက်တင်?။

နေ့လည်စာစားပြီးနောက် စစ်ယွဲ့နှင့် ရှင်းရှုသည် ခြံထဲသို့ လျှောက်သွားပြီး စကားစမြည်ပြောကြသည်။ ရက် အနည်းငယ်ကြာ အတူနေထိုင်ပြီးနောက်ရှင်းရှုသည် စစ်ယွဲ့နှင့် အလွန်သဘာဝကျကျ ဆက်ဆံလာခဲ့သည်။ ဝမ်ဝမ်သည် ကြယ်နှစ်ပွင့်၏စကားပြောဆိုမှုကို နားစွင့်ရင်း အစာကြေစေရန် လမ်းလျှောက်ကာ ခြံသို့သွားခဲ့သည်။

နာရီဝက်လောက်ကြာတော့ အန်တီမေက ဝမ်ဝမ်ကိုလာပြီး တစ်ရေးတစ်မောအိပ်ဖို့ ခေါ်သွားလိုက်တယ်။ ဝမ်ဝမ် ၏ အနားယူချိန်ကို ပုံမှတ်ကန့်သတ်ထားသည်။ နေ့လယ်စာစားပြီး နာရီဝက်လောက်မှာ သူ တစ်ရေးတစ်မော အိပ်ရမယ်။ အန်တီမေက ဝမ်ဝမ်ကို အငှားအိမ်ထဲ တစ်ယောက်တည်း ပြန်သွားခွင့်မပေးနိုင်သည့်အတွက် ဒီမှာပဲ အိပ်ခိုင်းလိုက်တယ်။

ဝမ်ဝမ်က သူ့ကိုယ်သူ အရွယ်ရောက်ပြီးသူလို့ သတ်မှတ်ထားတာမို့ တစ်ယောက်တည်း အိပ်ချင်တာကြောင့် သူကအန်တီမေရဲ့သားအခန်းမှာပဲ တစ်ရေးတစ်မော အိပ်ခဲ့ပါတယ်။

ဝမ်ဝမ်သည် Meiမိသားစု၏အိမ်နှင့် အလွန်ရင်းနှီးသောကြောင့် စိတ်မသက်မသာဖြစ်သလိုမျိုးမခံစားရပါ။

သူ့idol က အောက်မှာရှိတာကို သိသော်လည်း အချိန်မှန်ဇီဝနာရီကြောင့် သူကအမြန်ပဲအိပ်ပျော်သွားခဲ့တယ်။

ဝမ်ဝမ်အိပ်ရာမှ နိုးလာသောအခါ အခန်းက တိတ်ဆိတ်နေခဲ့တယ်။ မျက်လုံးကို ပွတ်သပ်ပြီး ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ စစ်ယွဲ့နှင့် ရှင်းရှုတို့၏ အရိပ်ကိုတောင်မမြင်ရဘဲ ခြံထဲတွင် အန်တီမေ တစ်ဦးတည်းသာရှိနေသည်။ ဝမ်ဝမ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး

"Si က ဘယ်မှာလဲ...အန်ကယ်ယွဲ့နဲ့ အန်ကယ်ရှုက ဘယ်မှာလဲ" လို့ မေးလိုက်တယ်။

အန်တီမေက ပြုံးပြုံးလေး ပြန်ဖြေတယ် "သူတို့ ပွဲရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ထွက်သွားတာ။"

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now