Ep-104

759 24 2
                                    

July 15, 2023 by nikkousan

အပိုင်း-(104)

ယွမ်ရှင်းနှင့် ဝမ်ဝမ်တွေ့ဆုံခြင်း

ဝမ်ဝမ်က ပန်းဥယျာဉ်တစ်ဝိုက်တွင်လမ်းလျှောက်နေရင်း လက်ဖောင်းဖောင်းလေးတွေကို စူထွက်နေတဲ့ဗိုက်လေးပေါ်တင်ထားသည်။ အဘိုးကောရဲ့ အလိုလိုက်တဲ့အပေါ်သူက မှီခိုရင်း သူကပျက်စီးလာပြီး ညစာဆိုလည်း အလွန်အကျွံစားမိသွားတယ် ရလဒ်အနေနဲ့ သူ့အမေက သူ့ကိုနာရီဝက်ခန့်လမ်းလျှောက်ခိုင်းတော့သည်။

သူ့ခြေထောက်တွေက အရမ်းပင်ပန်းနေပြီ။ ဝမ်ဝမ်က သူ့ခေါင်းကိုငုံကာ ခြေထောက်တိုတိုလေးတွေကိုကြည့်လိုက်သော်လည်း သူ့ရဲ့ဖရဲသီးလိုဖောင်းနေတဲ့ ဗိုက်သားလေးကိုသာ မြင်လိုက်ရသည်။

"..."" သက်ပြင်းချရင်း သူ့ရဲ့ ဝမ်းဗိုက်ကြွက်သား eight-packတွေကို ရုတ်တရက်လွမ်းဆွတ်သွားခဲ့တယ်။

ဒါပေမယ့် အဆင်ပြေပါတယ်။ သူက ငယ်သေးတယ်။ သူကြီးလာတာနဲ့ သူ့ခန္ဓာကိုယ်ကအရပ်ရှည်ပြီး သန်မာလာမယ် ပြီးတော့ ဝမ်းဗိုက်ကြွက်သားတွေကလဲ သိသာလာမှာ။

ထိုအချိန်တွင် ဖုယွင်ရော့နှင့် ဦးလေးကောသည် မီးဖိုချောင်တွင် အလုပ်လုပ်နေကြသည်။ ဖုယွင်ရော့သည် ဗီရိုများကို သန့်ရှင်းပြီး မီးဖိုချောင်ကိုပါ သန့်ရှင်းရေးလုပ်ကာ မတ်ပဲပြုတ်ချက်ပြုတ်ရန် ပြင်ဆင်နေခဲ့သည်။

မကြာသေးမီက ရာသီဥတုက ပိုပူလာတာနဲ့အမျှ အအေးခံထားတဲ့ မတ်ပဲဟင်းချိုက ခန္ဓာကိုယ်ကို အေးမြစေဖို့အတွက် ကောင်းပါတယ်။ အိမ်ရှေ့တံခါးကို သော့ခတ်ထားသောကြောင့် ဝမ်ဝမ် သူ့ဘာသာသူ ပြေးထွက်သွားမှာကို သူတို့ပူစရာမလိုဘူး။

ဝမ်ဝမ်သည် ရုတ်တရက် နီးကပ်လာသော အလင်းရောင်ကို သတိပြုမိသောအခါ ဘန်ဂလိုရှေ့သို့ ပြေးသွားခဲ့သည်။ သူက ခေါင်းကို ခဏလှည့်ပြီး သံဇကာအနားကို ပြေးသွားပြီး ပိုနီးနီးကပ်ကပ်မြင်ရရန် ခြေဖျား ထောက်လိုက်တယ်။ သူက တောက်ပနေသော မီးရောင်တွေကိုမြင်လိုက်ရပြီးနောက် ပန်းဉယျာဉ် ရှေ့သို့ ကားကြီးတစ်စီး ချဉ်းကပ်လာခဲ့သည်။

ငါ့သားကပြန်လည်မွေးဖွားလာတဲ့ဗီလိန် (ဘာသာပြန်)Where stories live. Discover now